အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီဈေးကျဆင်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဟင်းသီးဟင်းရွက် များကို မြို့ပတ်ဝန်ကျင်းရှိ ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် အင်းလေးဒေသတို့မှ မှာယူရောင်းချကြောင်း သိရှိရသည်။

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (အကြီး၊ အသေး)အလိုက် ကျပ်(၂၅၀၀-၃၀၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၂၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇူလိုင်လ (တတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် ကျပ်(၃၀၀၀-၃၅၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၂၀၀၀) ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပန်းဂေါ်ဖီ ကျပ်(၅၀၀-၁၀၀၀) ဈေးနှုန်း လျော့ကျခဲ့ကြောင်း သိရသည်။ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များကို တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှ မှာယူရောင်းချပြီး ယခုအချိန်တွင် ပန်းဂေါ်ဖီစိုက်ပျိုးရာဒေသများတွင် စတင်ထွက်ပေါ် လာသည့်အတွက် ဈေးနှုန်းမှာလျော့ကျရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)