
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၆၃၆)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၄၇၆)ဧက၊ မြစ်သား မြို့နယ်တွင်(၃၀၃)ဧက၊စုစုပေါင်း(၁၄၁၅)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများ အရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှု များရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြ ကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး ၊ ရွှေဝါရောင်လုံးသေး ဒင်္ဂါးမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း ၊ ယခုအချိန်တွင် ပဲစဉ်ငုံများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်း အနေဖြင့်(၁၂-၁၄)တင်းခန့် ထွက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၇၄၀၀၀၀/)ကျပ်ကျော်မြတ်ခဲ့ကြောင်း ၊ ပဲစဉ်းငုံစျေးနှုန်း အနေဖြင့် သြဂုတ်လ ဒုတိယပတ်တွင် တစ်တင်းလျှင်(၉၄၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု သြဂုတ်လ တတိယပတ်တွင် တစ်တင်းလျှင်(၉၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး စျေးအနည်းငယ်မြင့်တက်လာကြောင်း ၊ ပဲစဉ်းငုံထွက်ပေါ်ချိန်တွင် တောင်သူ များမှပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချ ကြကြောင်း ပွဲရုံများမှသိရှိရပါသည်။
DOCA(မန္တလေး)
