
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ မလွန် စသည့်ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှလည်း မှာယူရောင်းချကြကြောင်း၊ ဩဂုတ်လ(တတိယပတ်)အတွင်း ခရမ်းချဉ်သီးဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် (အလုံးအကြီး၊ အသေး) အလိုက် ကျပ်(၂၅၀၀-၂၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (၁)ပိဿာ လျှင် ကျပ်(၅၀၀-၇၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင် မင်းလှမြို့နယ်အတွင်း ကျေးရွာများရှိ တနိုင်တပိုင်ခရမ်းချဉ်စိုက်ခင်းများမှ ခရမ်းချဉ်သီးများ စတင်ထွက်ပေါ်လာသည့်အပြင် မကွေးမြို့နှင့် မင်းဘူးမြို့တို့မှလည်း ခရမ်းချဉ်သီးများ ဝင်ရောက်မှုများလာသည့်အတွက်ဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)