ကုန်သွယ်မှုသတင်းများ
ပြည်မြို့ရှိ သစ်သီးဝလံဈေးကွက်တွင် ရာသီစာသီးနှံတစ်မျိုးဖြစ်သော သြဇာသီးများ အရောင်းအဝယ်ဖြစ်နေကြောင်းတွေ့ရပါသည်။ သြဂုတ်လမှစ၍ ပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်နှင့် ပြည်မြို့နယ်ရှိ မှော်ဇာ၊ တောင်လုံးညိုကျေးရွာများမှ အများဆုံးလာရောက်ရောင်းချမှုရှိကြပါသည်။ သြဇာသီးများစတင်ထွက်ပေါ်ချိန်တွင် ရာသီချိန်ဖြစ်သည့်အတွက် အလုံးအရွယ်အစားပေါ်လိုက်၍ (၅၀၀-၁၀၀၀)ကျပ် စသောဈေးနှုန်းအလိုက် ဝယ်ယူစားသုံးကြကြောင်းသိရပါသည်။ ယခုစက်တင်ဘာလ နောက်ဆုံးပတ်တွင် ဩဇာသီးများ အထွက်လှိုင်လာချိန်ဖြစ်သည့်အ

ပြည်ဈေးကွက်အတွင်း၌ မြဝတီဘက်မှ ဝင်ရောက်မှုရှိလာသော သရက်သီးစိမ်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။ ပြည်ဒေသထွက် သရက်သီးများ ဈေးကွက်အတွင်း မရှိတော့သော်လည်း မြဝတီဘက်မှ ယိုးဒယားသရက်သီးများမှာ တစ်လလျှင် (၂)ကြိမ်အဝင်ရှိသည့်အတွက် ဈေးကွက်အတွင်း၌ ပြတ်လပ်မှုမရှိကြောင်းသိရပြီး တစ်ကြိမ်လျှင် အလုံး (၃၀၀)ခန့်အဝင်ရှိနေပါသည်။ သရက်သီးအလုံးအကြီး/ အသေးပေါ်မူတည်၍ ဈေးနှုန်းမှာတစ်လုံးလျှင် ကျပ်(၁၀၀၀ - ၁၂၀၀)ဖြင့် ရောင်းချမှုများရှိနေကြောင်းသိရပါသည်။

ပြည်ဈေးကွက်အတွင်း နံနံပင်ဈေးနှုန်းများမှာ အဆမတန်မြင့်တက်လျက်ရှိပြီး စိုက်ပျိုးသော နံနံပင်အခင်းများ ရေဝပ်၍ အထွက်နှုန်းနည်းကာ ရှားပါး၍ ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်းသိရပါသည်။ ပြည်အနီးတဝိုက်ရှိကျေးရွာများနှင့် ဝက်ထီးကန်၊ ရွှေတောင်၊ ပေါင်းတလည်၊ ဆင်တဲ စသည့်နယ်များတွင် စိုက်ပျိုးမှုရှိသော်လည်း မိုးများ၍ရေဝပ်သဖြင့် အထွက်နှုန်းနည်းကာ ဈေးကွက်သို့ ရွှေတောင်မြို့နယ်၊ ဘို့လယ်ကုန်းရွာဘက်မှသာ အဝင်ရှိကြောင်းသိရသည်။ တစ်ပတ်လျှင် (၂)ကြိမ်အဝင်ရှိကာ တစ်ကြိမ်လျှင် ပိဿာချိန်(၁၀)ခန့်သာဝင်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Global Good Pure Group ကုမ္ပဏီမှ စားအုန်းဆီပေပါ(၆၄)ပေပါနှင့် Mahar Phone Let Yone ကုမ္ပဏီမှ စားအုန်းဆီ (၃၇)ပေပါတို့ တင်ဆောင်လာသောမော်တော်ယာဥ်များသည် (၈.၁၀.၂၀၂၄)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း မြိတ်ခရိုင်ဆီကိုယ်စားလှယ်ထံမှသိရှိရသဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂%

ယခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၅.၂၈ ဘီလီယံတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၁၅ခုကိုရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ CDC ၏ တင်ပြချက်အရသိရပါသည်။ ထိုစီမံကိန်းများသည် ကမ္ဘောဒီးယား၏ ကြီးမားသောအလုပ်သမားထုအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များပံ့ပိုးနိုင်ခဲ့ပြီး အလုပ်အကိုင်သစ် ၂၅၀၀၀၀ကျော်ဖန်တီးပေးနိုင်ခဲ့ကြောင်းသိရပါသည်။ ထိုစီမံကိန်းတွင် ကုန်ထုတ်လုပ်ခြင်း၊ အိမ်ယာမြေ၊ ခရီးသွားကဏ္ဍနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်
