ကုန်သွယ်မှုသတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သကြားဈေးနှုန်းများ မြင့်တက်နေမှုကို လျှော့ချနိုင်ရန်အတွက် အမျိုးသားအခွန်ကြီးကြပ်မှုဘုတ်အဖွဲ့သည် သကြားတင်သွင်းမှုအပေါ် လက်ရှိကောက်ခံလျက်ရှိ သော သွင်းကုန်အခွန် ၃၀ ရာခိုင်နှုန်းမှ တစ်ဝက်လျှော့ချ၍ ၁၅ ရာခိုင်နှုန်းသာ စည်းကြပ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်နေ့၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အာဖရိကဒေသတွင် လူဦးရေ ၂၃၂ သန်းဖြင့် အကြီးမားဆုံးဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံ၌ စီးပွားရေးတည်ငြိမ်လာခြင်း၊ ငွေကြေးဖောင်းပွမှုလျော့ကျလာခြင်းနှင့် ဂျုံ၊ ဆန်နှင့် ပြောင်းတို့ တင်သွင်းမှုအပေါ် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အကောက်ခွန် သုညရာခိုင်နှုန်း သတ်မှတ်သည့် မူဝါဒကို ချမှတ်ဆောင်ရွက်ခြင်းတို့အရ ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်အတွင်း အဆိုပါ သီးနှံ များ တင်သွင်းမှုပမာဏသည် မြင့်တက်လာမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာနလက်အောက်ရှိ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုဌာန (FAS) က အစီရင်ခံဖော်ပြခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် စားသုံးရန်လိုအပ်ချက်တို့အပေါ် ဖြည့် ဆည်းရန်အတွက် ပြည်ပမှဆန်များကို တင်သွင်းလျက်ရှိရာ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း တင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၉၉၆ သန်းရှိပြီး ယခင်နှစ် အလားတူကာလ၌ တင်သွင်းခဲ့မှုနှင့် နှိုင်း ယှဉ်ပါက ၅၇.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းဈေးကွက်များအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိဈေးကွက်များတွင် ရုံးပတီသီးများရှားပါး၍ ဈေးကောင်းရလျက်ရှိသည်။ ရုံးပတီပင်ကိုစိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် ခူးဆွတ်ရောင်းချ၍ရပြီး သက်တမ်းအားဖြင့် (၃)လကြာမြင့်သည်အထိခူးဆွတ်နိုင်ပါသည်။ ယခင်က ရုံးပတီသီးဈေးကွက်၊ ဈေးနှုန်းများအနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းထဲထိဆင်း၍ဝယ်ယူကြ၍ တစ်တောင့်လျှင် လက်ကားဈေး (၈)ကျပ်နှုန်းဖြင့်ရောင်းချကြောင်းသိရပါသည်။
