ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီးအတွင်း သင်ဖြူးဖျာထုတ်လုပ်သော မြို့များအနက် ပန်းတနော်မြို့နယ်မှာ လူဦးရေ၏ ၈ဝရာခိုင်နှုန်းခန့်က သင်ဖျာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး အသက်အရွယ်မရွေး သင်ဖျာလုပ်ငန်းအကြောင်းကို အနည်းနှင့်အများဆိုသလို သိရှိတတ်ကျွမ်းကြသူများဖြစ်သည်။ သင်ဖျာယက်လုပ်သလို သင်ပင်ကိုလည်းစိုက်ပျိုးလျက်ရှိသည်။ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၄ အုပ်စုတွင် သင်ခြံစိုက်ပျိုးမှု ၁၀၅၂၅ဧကရှိပြီး ပန်းတနော်ဒေသမှထွက်သည့်သင်မှ ကုန်ကြမ်းများကို ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ ဝါးခယ်မ၊

မော်လမြိုင်မြို့သို့ ရှမ်းပြည်နယ်မှ ဝင်ရောက်သည့်ပန်းများရှိသလို ဒေသထွက်ပန်းများလည်းထွက်ရှိသည်။ ယခုလ အောက်တိုဘာလတွင် ပန်းဈေးနှုန်းများမြင့်တက်လာသည်။ မော်လမြိုင်မြို့ အေးသာယာဈေးတွင် ရောင်းချလျက်ရှိသောပန်းအမျိုးမျိုးမှာ ဂန္ဓာမာပန်း အပွင့်သေး (အဖြူ၊ ခရမ်း၊ အဝါ)နှင့် ဂန္ဓာမာပန်းအပွင့်ကြီး ( အဖြူ/အဝါ)၊ ပန်းထိမ်ငိုပန်း၊ နှင်းဆီပန်း (အနီရောင်၊ အဖြူရောင်၊ ပန်းရောင်)၊ ကြယ်ပန်းနှင့် သပြေပန်းများရောင်းချလျက်ရှိသည်။

ရှမ်းပြည်နယ်မှ မော်လမြိုင်မြို့သို့ ဝင်ရောက်မှုရှိသည့်အာလူးများသည် အပတ်စဉ်ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိသည်။ ယင်းမှ တစ်ဆင့်ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြသည်။ ယခင်လက အားလူးဈေးနှုန်းသည် တစ်ပိဿာလျှင် ၆၀၀၀ကျပ် ဖြစ်ခဲ့ရာမှ ယခုလ အောက်တိုဘာလ၌ အာလူးဈေးနှုန်း တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ရှိရာ ဈေးနှုန်း ၂၀၀၀ ကျပ် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)အတွင်း ပဲမျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၈၇၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၆၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၂၈၀၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ (တစ်တင်း) ကျပ် ၈၁၀၀၀၊ ဘိုကိတ် ၂၀ပိဿာ(တစ်တင်း)ကျပ် ၈၅၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၁၄၆၅၀၀၀၊ မြေပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၇၀၀၀၀ ဈေးနှုန်းဖြစ်ပေါ်နေသည်။

ဒေသတွင်းထုတ်လုပ်မှု မလုံလောက်သောကြောင့် မြင့်တက်လာသောဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ကြက်သားတင်သွင်းမှုတိုးလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ US စိုက်ပျိုးရေးဌာန၏(USDA) နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုမှ အစီရင်ခံစာတွင် နိုင်ငံ၏ကြက်သားတင်သွင်းမှုသည် ၂၀၂၅ ခုနှစ်တွင် ၄၈၀၀၀၀ မတ်ထရစ်တန်(MT) ရှိမည်ဖြစ်ပြီး ယခုနှစ်အတွက် ခန့်မှန်းခြေပမာဏ ၄၇၀၀၀၀ မတ်ထရစ်တန် (MT) ထက် ၂.၁% တိုးလာမည်ဖြစ်ကြောင်းသိရသည်။ ပြည်တွင်းရောင်းလိုအားထက် ဝယ်လိ
