ကုန်သွယ်မှုသတင်းများ

Powered by Drupal
11 Oct 2024

          ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊  သီရိမင်္ဂလာဈေးတွင် အောက်တိုဘာလ (၂) ရက်နေ့မှ အောက်တိုဘာလ (၇) ရက် နေ့အထိဖြစ်ပေါ်ခဲ့သော ပြည်မှဩဇာသီးခြင်းတစ်ခြင်း အလုံးကြီး ကျပ် ၈၀၀၀၊ အလုံးလတ် ကျပ် ၆၀၀၀ ၊ မုံရွာ မှ ဖရဲသီး(ဘာဟု) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ်ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ ဝမ်းတွင်း၊ မြင်းခြံ မှ ဖရဲသီး(၂၁၁) အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ်ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးဂျပ်ဖာအလုံးကြီး ကျပ် ၁၈၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၀ ၊ အလုံးသေး ကျပ် ၉၀၀၀ ၊ မော

10 Oct 2024

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ကြက်ဥများကို .မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

10 Oct 2024

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေပြု၍ စီးပွားဖြစ် လုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နှမ်းမျိုးစုံ ကိုလည်း စိုက်ပျိုးကြပြီး ယခင်နှစ်တွင် (မိုး)နှမ်းစိုက်ဧက(၂၅၀၀)ခန့်စိုက်ပျိုးခဲ့ကြောင်း၊ ယခုအချိန်တွင် စားသုံးသူများအနေဖြင့် ပြည်တွင်းမှထွက်ရှိသော မြေပဲ၊ နှမ်း၊ နေကြာ၊ စားသုံးဆီ များကို ဝယ်ယူစားသုံးမှု မြင့်မားလျက်ရှိခြင်းကြောင့် ဈေးကွက်ခိုင်မာမှုရှိ၍ ရောင်းလိုအားဝယ်လိုအား ကောင်း

10 Oct 2024

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ စက်တင်ဘာလ ဒုတိယပတ်မှ အောက်တိုဘာလ ဒုတိယပတ်အထိ ကြက်သွန်နီ(အကြီး) လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀-၂၈၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိနေခဲ့ပြီး စက်တင်ဘာလ ဒုတိယပတ်ထိ (၂၅၀၀-၂၈၀၀) ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

10 Oct 2024

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ကြက်သွန်နီဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှုများသော ချတောက်၊ ရွာသစ်၊ ဆင်နီတောင်၊ ဒေါသာ၊ ရေပုတ်၊ ပေတော ကျေးရွာများနှင့် အခြားမြို့နယ်များဖြစ်သည့် ချောက်၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူမြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှ ကုန်ချိန်ပိဿာ(၅)သောင်း၊ တစ်ပတ်အတွင်း ပိဿာ(၄)သိန်းခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Pages