ကုန်သွယ်မှုသတင်းများ

Powered by Drupal
10 Oct 2024

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ စည်ပင်သာယာဈေးတွင်းရှိသော ချင်းဈေးနှုန်းများမှာ စက်တင်ဘာလ ဒုတိယပတ်တွင် ချင်း(၁၀)ကျပ်သားလျှင် ၁၀၀၀ကျပ်ရှိခဲ့ပြီး ဇူလိုင်လ နောက်ဆုံးပတ်တွင် (၁၀၀၀) ကျပ်ရှိနေပါသည်။ အောက်တိုဘာလ တတိယပတ်တွင်လည်း  ချင်းဈေးနှုန်းမှာ   (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

10 Oct 2024

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိသော အရောင်းဆိုင်များတွင် နေ့စဉ်ခေါက်ဆွဲခြောက်ထုပ်များလည်း အရောင်းအဝယ်သွက်လျက်ရှိသည်။ ခေါက်ဆွဲကို ဂျုံသီးနှံ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးကြသော်လည်း ဂျုံသီးနှံစိုက်ပျိုးခြင်းမရှိ၍ စိုက်ပျိုးမှုများသော စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲ ခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာက

10 Oct 2024

      တရုတ်လျှပ်စစ်ကား ကုမ္ပဏီကြီး BYD သည် ၎င်း၏ ၁၂ မီတာ K9UD လျှပ်စစ်ဘတ်စ်ကားအစီးရေ ၁၀၀ ကို ဥရုဂွေးနိုင်ငံ၏ အကြီးဆုံးအများပြည်သူသယ်ယူပို့ဆောင်ရေးအော်ပရေတာသို့ စက်တင်ဘာ ၁၉ ရက်နေ့က စတင်ပို့ဆောင်ခဲ့သည်။ BYD ကုမ္ပဏီသည် လက်တင်အမေရိက သယ်ယူပို့ဆောင်ရေးဈေးကွက်တွင် ၎င်း၏တည်ရှိမှုကို ချဲ့ထွင်ထားသည်ဖြစ်ရာကုန်ပို့ဆောင်မှုသည် BYD ကုမ္ပဏီအတွက် နောက်ထပ်ရောင်းချမှုတစ်ခုပင်ဖြစ်သည်။ BYD ၏ တရားဝင်သတင်းထုတ်ပြန်ချက်တွင် K9UD ၏ အသေးစိတ်အချက်အလက်များကို မဖော်ပြထား သောကြောင့်  ၎င်းသည်ဥရောပဗာရှင်း

10 Oct 2024

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ရှားပါးချိန်ဖြစ်ပြီး မန်ကျည်းသီးမှည့် အဟောင်းများ ဈေးကွက်တွင် ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

10 Oct 2024

        ဝါးရုံတော၊ ဝါးငုတ်ဆွေးများမှ မိုးရာသီတွင် သဘာဝပေါက်ရောက်လေ့ရှိသည့်  ဝါးယောင်းမှိုများကို နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ စားသုံးသူများက ကြိုက်နှစ်သက်စွာဝယ်ယူစားသုံးလျက်ရှိပါသည်။

Pages