၂၀၂၅ ခုနှစ်အတွက် စီးပွားရေးကြီးထွားနှုန်း ၅.၂ ရာခိုင်နှုန်းရရှိပြီး ဘက်ဂျက် ရူပီး ၆၉၄ ထရီလီယံ ပြင်ဆင်ထားသည့် အင်ဒိုနီးရှား

Powered by Drupal

      အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်မှစ၍ နိုင်ငံတော်စီးပွားရေးကြီးထွားနှုန်းရည်မှန်းချက်ကို ၅ မှ ၅.၂ ရာခိုင်နှုန်း ထိ ရရှိရေးအတွက် အစိုးရ၏ဗျူဟာများကို ချပြခဲ့ကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုသည် ကြီးထွားမှု၏ အဓိကမောင်းနှင်အားဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှု ရူပီး ၉၂၄ ထရီလီယံထိရောက်ရှိခဲ့ခြင်းနှင့်အတူ မတည်ကုန်ပစ္စည်းတင်သွင်းမှုများ မှာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃၂.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် နိုင်ငံပိုင်လုပ်ငန်းများ၏မတည်အသုံးစရိတ်နှင့် အစိုးရ၏ မတည်သုံစွဲမှုမှာ ၁၇.၉၄ ရာခိုင်နှုန်းမြင့်တက်လာခြင်းက လာမည့်နှစ်တွင် ထုတ်လုပ်နိုင်စွမ်းကို ပံ့ပိုး ပေးနိုင်မည်ဟု သိရပါသည်။ စဉ်ဆက်မပြတ်ကြီးထွားရန်အတွက် အစိုးရသည် ၂၀၂၅ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ၎င်းတို့၏ ဘဏ္ဍာရေးလှုံ့ဆော်မှုမူဝါဒကို ဆက်လက်ဆောင်ရွက်မည်ဟု သိရ ပါသည်။ Hartarto ကပထမနှစ်ဝက်တွင် စီးပွားရေးလှုံ့ဆော်မှု ရူပီး ၆၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံပတ်လည်) သည် အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုရှိခဲ့သည့် အတွက် ဒုတိယနှစ်ဝက်တွင်လည်း တူညီသည့် စီးပွားရေးလှုံ့ဆော်မှုဆောင်ရွက်သွားမည်ဟု မှတ်ချက်ပြုခဲ့ပါသည်။ နိုင်ငံတော်အသုံးစရိတ်နှင့်ပတ်သတ်၍ အစိုးရသည် ဘက်ဂျက်အကောင် အထည်ဖော်မှုကို အရှိန်မြှင့်တင်သွားရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ အရှိန်မြှင့်တင်မှုသည် ဝန်ကြီးဌာနများနှင့် အစိုးရအေဂျင်စီများအား ကြီးမားသောဘက်ဂျက်များနှင့် မြေပြင်တွင် မြန်ဆန် စွာ သက်ရောက်မှုရှိစေရန်ရည်ရွယ်ကြောင်း သိရပါသည်။ ဝန်ကြီးက အိမ်ထောင်စုစားသုံးမှုသည် အင်ဒိုနီးရှား၏ စီးပွားရေးကြီးထွားမှုတွင် ကျောရိုးအဖြစ်ဆက်လက်ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ ထို့ကြောင်း ပြည်သူများ၏ဝယ်ယူနိုင်စွမ်းကို ပံ့ပိုးရန်အတွက် များစွာသော ပရိုဂရမ်များ ပြင်ဆင်ထားကြောင်း သိရပါသည်။ ခရီးသွားကဏ္ဍတွင်လည်း ခရစ်စမတ် ၂၀၂၅ နှင့် နှစ်သစ်ကူး ၂၀၂၆ အတွက် ခရီးသွားလည်ပတ်မှုအစီအစဉ်များ စသည့်လှုံ့ဆော်မှုများပြုလုပ်မည် ဟု သိရပါသည်။

Antara News          

DOCA (ရန်ကုန်)