CDC သည် ကန်ဒေါ်လာ ၁၄.၄ သန်းတန်ဖိုးရှိ QIP သုံးခုကိုအတည်ပြုခဲ့

Powered by Drupal

      ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် မကြာသေးမီက အရည်အသွေးပြည့်မီသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်း (QIPs) သုံးခုကို အတည်ပြုခဲ့ပြီး ယင်းသည် ပြည်နယ် ၃ ခုတွင် အလုပ်အကိုင် ၉၁၀ ခန့် ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားသည်။ CHIYUE Power Tech (Cambodia) Co., Ltd. မှ ဦးဆောင်သည့် ပရောဂျက်တစ်ခုတွင် Takeo ပြည်နယ်၊ Bati ခရိုင်တွင် စွမ်းအင်သိုလှောင်ကိရိယာများနှင့် လျှပ်စစ်ပစ္စည်းများအတွက် စက်ရုံ တည်ထောင်ရန် ကန်ဒေါ်လာ ၅.၅ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး  အလုပ်အကိုင် ၂၀၀ ခန့် ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားကြောင်း CDC မှ ထုတ်ပြန်ထားသည်။ New Concept (Cambodia) Co., Ltd. သည် ပလက်စတစ်ပစ္စည်းများ၊ ကစားစရာအရုပ်များ၊ ရွက်ဖျင်တဲများနှင့် မတ်တပ်ရပ်လှော်ခတ်နိုင်သောလှေများအပါအဝင် ပလတ်စတစ်ထုတ်ကုန်များ ထုတ်လုပ်ရန် ဒေါ်လာ ၆ သန်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအား Svay Rieng ပြည်နယ် Foison Giga အထူးစီးပွားရေးဇုန်တွင် တည်ဆောက်ရန် ရည်ရွယ်ထားပြီးအလုပ်အကိုင် ၅၃၀ ခန့် ဖန်တီးပေး နိုင်မည်ဟု ခန့်မှန်းထားသည်။ NEXORA YUQIANG Manufacturing (Cambodia) Co., Ltd. သည် Sihanoukville အထူးစီးပွားရေးဇုန်ရှိ စက်ရုံသစ်တွင် ဒေါ်လာ ၃ သန်း ရင်းနှီးမြှုပ်နှံထားပြီး မီးဖိုများ၊ ပြင်ပထုတ်ကုန်များ၊ ဟာ့ဒ်ဝဲများနှင့် ပလတ်စတစ်ပစ္စည်းများကို ထုတ်လုပ်မည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၁၈၀ ဖန်တီးပေးမည်ဟု မျှော်မှန်းထားသည်။

Source: Khmer Times                                                                                   

DOCA (ရန်ကုန်)