ဥလုပ်ငန်းရှင်များအား ပံ့ပိုးပေးရန် ပြောင်း ၅၂၄၀၀ တန်ရောင်းချပေးမည့် အင်ဒိုနီးရှားအစိုးရ

Powered by Drupal

     အင်ဒိုနီးရှားအစိုးရသည် မွေးမြူရေးသမားများအားပံ့ပိုးပေးရန်နှင့် ကြက်ဥနှင့် ကြက်ဘဲ ဈေးနှုန်းများတည်ငြိမ်ရေးကူညီရန်အတွက် အစားအစာထောက်ပံ့မှုနှင့် ဈေးနှုန်းတည်ငြိမ်ရေး ပရို ဂရမ် (SPHP) အောက်တွင် ပြောင်းတန်ချိန် ၅၂၄၀၀ ကို ပံ့ပိုးရောင်းချပေးသွားမည်ဟု နိုင်ငံတော်အစား အစာအေဂျင်စီ၏ အကြီးအကဲဖြစ်သူ Arief Prasetyo Adi က စက်တင်ဘာလ ၁ ရက်နေ့က ပြောကြားခဲ့ပါသည်။ မွေးမြူရေးသမားများအတွက် အစာကိုသင့်တော်သောဈေးနှုန်း နှင့် ဝယ်ယူနိုင်ရန် ပြောင်းကို နိုင်ငံတော်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (Bulog) က စီမံခန့်ခွဲသည့် အစိုးရအရန်ထားရှိမှုမှတစ်ဆင့် တစ်ကီလိုဂရမ်ကို ရူပီး ၅၅၀၀ နှင့် ရောင်းချသွား မည်ဟု သိရပါသည်။ နည်းပါးသောအစာဈေးနှုန်းက ယခုနှစ်ကုန်ထိ ထုတ်လုပ်မှုကုန်ကျစရိတ် နည်းပါးရန်နှင့် ဥဈေးနှုန်းများတည်ငြိမ်ရန်ကူညီပေးနိုင်မည်ဟု မျှော်မှန်းရကြောင်း Arief က ပြောကြားခဲ့ပါသည်။ Arief က ထိုကနဦးဆောင်ရွက်မှုသည် မွေးမြူရေးသမားများအား ဥများကို ကောင်းမွန်သောဈေးနှုန်းနှင့် ထုတ်လုပ်စေနိုင်ပြီး ထုတ်လုပ်သူများနှင့် စားသုံးသူများ နှစ်ဖက်စလုံး ကို ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနအောက်ရှိ တိရိစ္ဆာန် မွေးမြူရေးနှင့် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Agung Suganda က၎င်း၏ရုံးသည် ဖြန့်ဖြူးမှုများကို ကြီးကြပ်ရန်နှင့် မွေးမြူရေးသမားများအား အစာဈေးနှုန်းမတည်ငြိမ်မှုမှ ကာကွယ် ရန်အတွက် Food Task Force နှင့် အတူတကွလုပ်ကိုင်နေကြောင်း ပြောကြားခဲ့ပါသည်။ Agung ကလတွင် အဓိကထုတ်လုပ်သည့်ဧရိယာများ၌ ပြောင်းဈေးနှုန်းများမြင့်တက်မှုကြောင့် ကြက်ဘဲ မွေးမြူရေးသမားများအပေါ် ဖိအားများသက်ရောက်စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ တုန့်ပြန်မှု အနေဖြင့် ဝန်ကြီးဌာနသည် သင့်လျော်သောဈေးနှုန်းနှင့် ရောင်းချနိုင်ရန်အတွက် Bapanas ၊ the Food Task Force နှင့် အခြားအေဂျင်စီများနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။ Suganda က အစိုးရသည်တိရိစ္ဆာန်အစာဈေးနှုန်းများကို ထိန်းချုပ်ရန် များစွာသောအဆင့်များဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့တွင် တိရိစ္ဆာန်အစာလုပ်ငန်းနယ်ပယ် အား ဈေးနှုန်းမြှင့်တင်ခြင်းကိုရှောင်ရှားရန်တိုက်တွန်းခြင်း၊ မွေးမြူရေးသမားများအား စဉ်ဆက် မပြတ်ပြောင်းရရှိစေရန် ပံ့ပိုးပေးခြင်းနှင့် မွေးမြူရေးသမားများအား အစာရောင်းချသူများနှင့် ချိတ်ဆက်ပေးခြင်းတို့ပါဝင်ကြောင်း  သိရပါသည်။ အစားအစာဖူလုံမှုနှင့် ကြက်ဘဲမွေးမြူရေးကဏ္ဍ ငွေကြေးဖောင်းပွမှုဖြစ်လာနိုင်သောကြောင့် အစာအတွက်ပြောင်းရရှိရေးသည် အစိုးရ၏ ထိပ်တန်း စိုးရိမ်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။

Antara News

DOCA (ရန်ကုန်)