ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 May 2025

                ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင် မတ်လ တတိယပတ်နှင့် စတုတ္တပတ်တွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက  ဈေးအနည်းငယ်တက်၍  အရောင်း အဝယ် ဖြစ်နေသည်ကို  တွေ့ရ ပါသည်။

22 May 2025

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မင်းလှမြို့နယ်အတွင်း ဧပြီလစတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော မြို့မဈေးအတွင်း နေ့စဉ်လက်လီ ရောင်းဝယ်နေသော ကြက်ဥ/ဘဲဥအရောင်းဈေးနှုန်းများ မှာကြက်ဥ(အကြီး)တစ်လုံးလျှင် ၄၇၀/ကျပ်၊(အလတ်) ၄၅၀/ ကျပ်၊(အသေး)တစ်လုံးလျှင် (၄၂၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

22 May 2025

         ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်တွင် ပဲဈေးကွက်အနေဖြင့်မတ်လနောက်ဆုံး ပတ်နှင့်ဧပြီလပထမပတ်တို့တွင်မတ်ပဲ၂၀ပိဿာတစ်တင်းကို၉၈၅၀၀/ကျပ်ရှိခဲ့ပြီး၊ ဧပြီလစတုတ္ထပတ် တွင်၉၇၅၀၀/ကျပ်ရှိခဲ့ရာ အနည်းငယ်ကျဆင်းသွားကြောင်း၊ပဲငပိ၂၀ပိဿာတစ်တင်းကို၁၀၆၀၀၀/ ကျပ်၊ကုလားပဲ ၂၀ပိဿာတစ်တင်းလျှင် ၇၃၆၀၀/ကျပ်၊စားတော်ပဲတစ်ပြည်လျှင် ၉၀၀၀/ကျပ်၊ပဲဖြူ လေးတစ်ပြည်လျှင် ၁၁၀၀၀/ကျပ်၊ဘိုကိတ်တစ်ပြည်လျှင် ၇၅၀၀/ကျပ်၊ပဲနီစေ့တစ်ပြည်လျှင် ၇၅၀၀/ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးအတွင်းပဲမျိုးစုံ

22 May 2025

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မင်းလှမြို့နယ်တွင် စပါးဈေးကွက်အခြေအနေမှာ မတ်လနောက်ဆုံးပတ်နှင့်ဧပြီလပထမ၊ဒုတိယပတ်တို့တွင် ဆင်းသုခ၊မနောသုခ စပါး(၄၆)ပေါင်တင်း ၁၀၀လျှင် (၁၆၆၀၀၀၀)ကျပ်ရှိခဲ့ပြီး၊ ဧပြီလစတုတ္ထပတ်တွင် (၁၇၁၂၀၀၀) ရှိခဲ့ကာ စပါးဈေးအနည်း ငယ်သာမြင့်တက်ခဲ့ပြီး အရောင်းအဝယ်အေးလျှက်ရှိပါသည်။

22 May 2025

     ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဘုရားကျောင်းရေနက်ကွင်းအနီးတွင် ငါးမွေးမြူခြင်း၊ စပါးစိုက်ပျိုးခြင်းတို့ကို နိုင်ငံတော်ခွင့်ပြုချက်များရယူ၍ ၁၉၉၈ခုနှစ်ကတည်းက စတင်းလုပ်ကိုင်ဆောင်ရွက်ခဲ့ ကြောင်း ဦးဌေးမြင့် ယုဇန ကုမ္ပဏီမှ Global Earth Agro & Aqua Industry Public Co., Ltd. (GEAAI) အမည်ပြောင်း ကာ စီမံကိန်းဆောင်ရွက်နေသည့် နေရာတွင် မိရိုးဖလာနည်းဖြင့် ငါးမွေးမြူရေးလုပ်ငန်းကို ၂၀၀၂ ခုနှစ်မှစ၍ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

Pages