ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ဓူဝံ” ပဲကြော်လုပ်ငန်းမှာ တွင်ကျယ်စွာ ရောင်းအားကောင်းလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်()ရပ်ကွက်ရှိ  “ဓူဝံပဲကြော်လုပ်ငန်း သည် စက်ကြီးများဖြင့် တွင်ကျယ်စွာ လုပ်ကိုင်နေကြောင်း၊ ကုန်ကြမ်းဖြစ်သော ပဲကြီးများကို တစ်တင်းလျှင် ကျပ်(၁၃၅၀၀၀-၁၄၅၀၀၀)ဈေးဖြင့် အောင်လံ၊ ပြည်၊ မုံရွာ၊ မန္တလေးမြို့များမှ ဝယ်ယူကြောင်း၊ ဝါစေ့ဆီနှင့်လည်းတွဲဖက်အသုံးပြုကြောင်း၊ ဝါစေ့ဆီတစ်ပိဿာလျှင် ကျပ်(၈၆၀၀) ဖြင့် ပခုက္ကူမြို့ပေါ်နှင့် မြင်းခြံမြို့တို့မှ ဝယ်ယူရကြောင်း၊ လုပ်သားဦးရေ (၂၀)ခန့်ရှိပြီး  လုပ်အားခကို ပုတ်ပြတ် ပေးကြောင်း၊ တစ်အိတ်လျှင် ပဲကြော်ခ ကျပ်(၂၀၀၀)ပေး၍ တစ်နေ့လျှင် ပိဿာချိန် (၃၀)ဆံ့ အိတ်(၃၀-၃၅)အိတ်ခန့် ကြော်ပြီးကြောင်း၊ တစ်ဦးလျှင် ကျပ်(၁၄၀၀၀ မှ ၁၇၀၀၀)ထိ ပေးရကြောင်း၊ ပဲညှစ်ခမှာ တစ်ပြည်လျှင် ကျပ်(၃၅၀)ပေးပြီး အမျိုးသမီးတစ်ဦးလျှင် ကျပ်(၄၀၀၀-၅၀၀၀)ပေးရကြောင်း၊ တစ်နေ့လျှင် ပိဿာချိန်(၉၀၀-၁၀၀၀)ခန့် ကြော်ရပြီး အိမ်နီးပတ်ဝန်းကျင် ကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများပေးနိုင်ကြောင်း သိရသည်။

    ဈေးနှုန်းအနေဖြင့် လက်လီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀) လက်ကားတစ်ပိဿာလျှင် ကျပ်(၁၄၃၀၀)ဖြင့် ရောင်းချကြောင်း၊ အမှတ်တံဆိပ်ကပ်၍ ရောင်းချခြင်းမရှိဘဲ  ပဲကြော်အလွတ်များကို အိတ်ကြီးများဖြင့် ထည့်၍ ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့များသို့တင်ပို့ကြောင်း၊ နှစ်ပြန် ကြော်မရောင်းချဘဲ ပဲပူးကြော်တစ်မျိုးတည်းကိုသာ ရောင်းချကြောင်း၊ မန္တလေးမြို့သို့ အများဆုံး တင်ပို့ရပြီး ကားခမှာ တစ်ပိဿာလျှင် ကျပ်(၁၂၀)ပေးရကြောင်း၊ အသားတင် အကျိုးအမြတ် အနေဖြင့် တစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့်ရရှိ၍ တစ်ရက်လျှင် ကျပ်(၉၀၀၀၀-၁၀၀၀၀၀)ခန့် ရရှိကြောင်း၊ စက်မှုလုပ်ငန်းသုံးဆီရရှိသောကြောင့်လည်း လုပ်ငန်းပို၍ လည်ပတ်ရန် အဆင်ပြေ ကြောင်း ဓူဝံပဲကြော်လုပ်ငန်းရှင် ဦးကြွယ်ဌေး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)