ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Sep 2024

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း သို့ဝင်ရောက်လျက်ရှိပြီး စက်တင်ဘာ ဒုတိယပတ်အတွင်း၌ ဈေးနှုန်းများမှာ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ၉၃၀၀၀ကျပ်၊ မတ်ပဲထွက်တိုးတစ်တင်းလျှင် ၉၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

17 Sep 2024

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ညောင်ဇင်ကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကိုစိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ ဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၆၀၀၀၀)ကျပ်၊ ပဲတီစိမ်း ထွက်တိုး အလုံးလှတစ်တင်းလျှင် (၆၇၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြ

17 Sep 2024

       ၂၀၂၄ ခုနှစ်၊ မိုးရာသီစက်တင်ဘာလ ဒုတိယအပတ်တွင် ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒသထွက် ဒန့်သလွန်သီးကို ဘားအံမြို့အနီးတဝိုက်ရှိကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ဒန့်သလွန်သီးပင်ကို အပိုဝင်ငွေရရှိ ရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တနိုင်တပိုင် စိုက်ပျိုးထားကြသည်။

17 Sep 2024

        မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းများကိုလည်းစိုက်ပျိုးကြကြောင်းသိရသည်။ ယခုအခါ နှမ်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသောနှမ်းဈေးနှုန်းများမှာ စက်တင်ဘာလ ဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် ၁၆

17 Sep 2024

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ကြက်သွန်နီကုန်စည်ဒိုင်သို့ ယောနယ်၊ ပေါက်၊ ရေပြာနှင့် ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဆောင်းစိုက်ပင် စိုက်နွေကြက်သွန်နီများ နေ့စဉ် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ကုန်စည်ဒိုင်ဈေးကွက်သို့ စက်တင်ဘာလ(ဒုတိယပတ်)တွင် နေ့စဉ်ကြက်သွန်နီပိဿာချိန် (၄၀၀၀၀) မှ (၅၀၀၀၀) အထိ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မိုးတွင်းကာလဖြစ်၍ ကုန်ဝင်ရောက်မှုနည်းကြောင်း ဈေးကွက်မှ သိရှိရသည်။

Pages