
စိုက်ပျိုးရေးသည် နှစ်နိုင်ငံကြား ဆက်ဆံရေး၏ အဓိကကျသော ကဏ္ဍများထဲမှ တစ်ခု အဖြစ် ဆက်လက်တည်ရှိနေသဖြင့် ဩစတြေးလျအစိုးရသည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေး တန်ဖိုးကွင်းဆက်များကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး Derek Yip က ပြောကြားခဲ့သည်။ သံအမတ်ကြီး Derek က Khmer Times သို့ ပြောကြားရာတွင် သြစတြေးလျအစိုးရသည် ကမ္ဘောဒီးယား-ဩစတြေးလျ စီးပွားရေးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အဖွဲ့ (CAPRED) မှတစ်ဆင့် ကမ္ဘောဒီးယားအစိုးရအား ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ပြောကြားခဲ့သည်။ Derek က ၁၉၆၀ ခုနှစ်များမှစ၍ သြစတြေးလျသည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယင်းပူးပေါင်းဆောင်ရွက်မှုများသည် နောက်ဆုံးတွင် ကမ္ဘောဒီးယား စိုက်ပျိုးရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု (CARDI) ကို တည်ထောင်နိုင်ခဲ့ကြောင်းနှင့် ထိုအချိန်မှစ၍ CARDI သည် ကမ္ဘောဒီးယားနိုင်ငံ၌ စိုက်ပျိုးရေး သုတေသန၏ ကျောရိုးဖြစ်ခဲ့ပြီး၊ အထူးသဖြင့် ဆန်မျိုးကွဲအသစ်များ ဖော်ထုတ်ရေးတွင် လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)