ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 May 2025

 မိတ္ထီလာမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် တစ်နိုင် တပိုင်မွေးမြူရေးလုပ်ငန်းများလည်းလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များမှ ထုတ်လုပ်သည့်ပစ္စည်းများကို ဒေသတွင်းမွေးမြူသည့် နွား၊ဆိတ်၊ ကြက်၊ ဝက် အစရှိသည့် မွေးမြူရေး လုပ်ငန်းများ၌ တိရိစ္ဆာန်အစာအဖြစ်အသုံးပြုကြပါသည်။

21 May 2025

      မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်မှ မေလအတွင်း ထွက်ရှိသည့် ဒူးရင်းသီးများမှာ အဝယ်လိုက်၍ ရောင်းချရာတွင် ခြံရှင်များ ဈေးကောင်းရရှိပါသည်။ ဒူးရင်းသီး သီးနှံမှာ နှစ်ရှည်ပင်ဖြစ်ခြင်းကြောင့် ခြံမြက်ရှင်းခြင်းသာရှိသဖြင့်ကုန်ကျစရိတ်သက်သာပြီး ခူးဆွတ်ရန် မလိုဘဲ ကြွေကျသည့် အသီးများကို စုပုံသယ်ယူရောင်းချရသော သီးနှံမျိုးဖြစ်ပါသည်။ ယခု ဧပြီလနှင့်မေလတွင် ထွက်သောရောင်းတန်းဝင် အသီးတစ်လုံးလျှင် (၃၀၀၀၀) ကျပ်ခန့် ရရှိပြီး ခြံအရောက်ကုန်သည်များ လာရောက်ဝယ်ယူခြင်း၊ ခြံရှင်များမှ သီးနှံအဝယ်ဒိ

21 May 2025

       ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းနှင့် လယ်မြေများတွင် သီးပင်စားပင်များစိုက်ပျိုးထားရှိရာ ကြက်ဟင်းခါးပင်များကိုလည်း စိုက်ပျိုးထားပါသည်။ ကြက်ဟင်းခါးသီးကို မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး အချိန်မှစ၍ (၇၅) ရက်ခန့်တွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ဆွတ်ခူးပြီးသောအသီးများကို စည်ပင်သာယာစျေးကြီး အတွင်းရောင်းချကြပါသည်။

21 May 2025

    မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် သီးစုံဥယျာဉ်ခြံများတွင် နာနတ်သီးကို သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှုများ လုပ်ကိုင်လျက်ရှိကြပါသည်။

21 May 2025

    တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ဆောင်းရာသီဟင်းသီး ဟင်းရွက် စိုက်ခင်းများမှ ပန်းဂေါ်ဖီ(ပန်းမုန်လာ)များ ပေါ်ချိန်ဖြစ်၍ စိုက်ပျိုးသူတောင်သူများ  ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်း သိရှိရပါသည်။ ရာသီပေါ်ပန်းဂေါ်ဖီသည် အအေးကြိုက်သော်လည်း အပူဒဏ်ကို ခံနိုင်ရည်ရှိပြီးခြောက်သွေ့လွန်းလျှင်လည်း ပန်းဂေါ်ဖီအပွင့် ဖြစ်မလာနိုင်ပါ။ ထို့ကြောင့် ပန်းဂေါ်ဖီစိုက်လျှင် မြေအမျိူးအစားထက် ရာသီဥတုက ပိုအရေးကြီးပါသည်။

Pages