ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ်ထွက် ဆောင်းသီးနှံ ပဲမျိုးစုံများလည်း ဈေးကွက်သို့ ဝင်ရောက်နေပြီဖြစ်သဖြင့် မတ်ပဲ ၊ ပဲတီစိမ်းဆီပြောင် ၊ ပဲတီစိမ်းအနီ ၊ ပဲယင်းနီ ၊ ပဲပုတ်ဆီတိုး ၊ ပဲလွန်းဖြူ ၊ ပဲလွန်းနီအစရှိသော ပဲများကိုအရောင်းအဝယ် ပြုလုပ်နေကြကြောင်းသိရှိရပါသည်။ယခုတစ်ပတ်မတ်ပဲဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၉၈၅၀ဝိ/) ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၉၀၅၀၀ )ကျပ် ၊ ပဲတီစိမ်း ဆီပြောင်ဈေးမှာ ပိဿာ(၂၀) တစ်တင်းကို (၁၂၀၀၀၀)ကျပ် ၊ ပဲတီစိမ်းအနီဈ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာနေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အပိုဝင်ငွေရရှိရန် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေးအတွက် အထောက်အကူရရှိ၍ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ကုန်စိမ်းစျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်း ပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။ မန္တလေးမြို့ ၄၁ လမ်း စျေးနှင့် သီရိမာလာဈေးတို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ လက်လီ/လက္ကား ရောင်းချသည့် စျေးများဖြစ်ပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်း လက္ကားရောင်း ဈေးနှုန်းများအနေဖြင့် မုန်လာပန်းစိမ်း(၁၀)ခုလျှင် ၁၅၀၀၀ ကျပ်နှင့် ၁၇၀၀၀ ကျပ်၊မုန်လာပန်းဖြူ ၁၄၀၀၀ ကျပ် နှင့်၁၅၀၀၀ ကျပ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် မြို့ပေါ်ရပ်ကွက်၌လည်းကောင်း၊ ကျေးရွာများတွင်လည်းကောင်း၊ ခရမ်းသီးပင်များစိုက်ပျိုးကာ ပိုလျှံသည်များကို ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးသို့ ရောင်းချကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံ များနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိရာ ယခုအခါ တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုများ စိုက်ပျိုးရောင်းချနေကြောင်း သိရသည်။
