ကုန်သွယ်မှုသတင်းများ
ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ပူးတွဲရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတစ်ရပ် ထူထောင်မည့်နှစ်နိုင်ငံသဘာဝသယံဇာတဆိုင်ရာ သဘောတူညီချက်အတွက် ၎င်း၏ပြည်တွင်းရေး လုပ်ထုံးလုပ်နည်းများ ပြီးစီးကြောင်း အတည်ပြုချက်အား မေလ ၁၃ ရက်နေ့က အမေရိကန်သို့ပေးပို့ခဲ့ကြောင်း Interfax-Ukraine သတင်းဌာန၏ဖော်ပြချက်အရသိရသည်။ ယူကရိန်းပထမလက်ထောက် ဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီး Yulia Svyrydenko က Kiev မြို့ရှိ အမေရိကန်သံရုံးမှသံအမတ် Julie Davis အား လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယူကရိန်း

ပူပြင်းခြောက်သွေ့သည့်ရာသီချိန် ဖြစ်သည့် မေလဒုတိယပတ်အတွင်း အလှူပွဲတော်များ၊ ဘုရားပွဲများ နှင့်မင်္ဂလာပွဲများ ကျင်းပမှုများပြားပြီး၊ မန္တလေးစျေးချိုတော်တွင် ငါးခြောက်မျိုးစုံ အရောင်းသွက်လျက်ရှိ ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ ဖြစ် သည့်ငါးခြောက်၊ ငါးပိ နှင့်ပုဇွန်ခြောက် များအား ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက် လျက်ရှိ ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်မေလဒုတိယ ပတ်အတွင်း အမျိုးအစားအလိုက်တစ်ပိဿာ

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကျွန်းလှမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

အနောက်သဲကန္တရနှင့် စူအက်ပင်လယ်ကွေ့တို့တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တည်နေရာ အသစ်သုံးခု ရှာဖွေတွေ့ရှိမှုအား အီဂျစ်ရေနံနှင့်ဓာတ်သတ္တုအရင်းအမြစ် ဝန်ကြီးဌာနက မေလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ အနောက်ပိုင်းသဲကန္တရရှိ ရေနံတွင်းတစ်ခုမှာ အသားတင်အထူ ၁၅၃ ပေ (၇၇.၁ မီတာခန့်) နှင့် ရေနံစည်ပေါင်း ၁၂.၅ သန်းနှင့် ညီမျှသော ရေနံများတည်ရှိနိုင်ကြောင်း၊ ဓာတ်ငွေ့ထွက်ရှိမှုမှာလည်း ကုဗပေသန်း ၃၀ အထိမြှင့်တင်ရန် ရည်ရွယ်သည် ပိုက်လိုင်း ၂၃ ကီလိုမီ တာ တိုးချဲ့ချင်းနှင့် ထပ်လောင်းတူးဖော်ခြင်း အစီအစဉ်

မေလဒုတိယပတ်အတွင်း မန္တလေးစျေးကွက်ရှိ ကြက်ဥ၊ဘဲဥနှင့်ငုံးဥများ စျေးငြိမ်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်အတွင်း ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ မွေးမြူရေးခြံထွက်ကြက်ဥ များဝင်ရောက်မှုအများဆုံးဖြစ်ပြီး၊ကျောက်ဆည်၊ မြစ်သား၊ မြို့သာ မြို့နယ်ရှိခြံများမှဝင်ရောက်ကြောင်း သိရပါတယ်။ ဘဲဥမှာ အမရပူရ၊ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများ မှဝင်ရောက်ခြင်း၊ငုံးဥမှာ မန္တလေး၊စဉ့်ကိုင်၊ကျောက်ဆည်ဒေသရှိမွေးမြူရေးခြံတို့မှဝင်ရောက်ကြောင်း သိရပါတယ်။ ၂၀၂၅
