ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 May 2025

ကြက်ဟင်းခါးသီးသည်အမြင်မလှ၊ အရသာခါးသော်လည်း အကျိုးများစေသောအသီးတစ်မျိုး ဖြစ်ပြီး ခြောက်သွေ့စိုစွတ်သည့် ရာသီဉတုကိုကြိုက်နှစ်သက်ပါသည်။ ကြက်ဟင်းခါးသီးပင်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး စင်ခံပြီးစိုက်ပျိုးလေ့ရှိပြီး မမှည့်ခင်ဆွတ်ပြီး စားရပါသည်။ ကြက်ဟင်း ခါးသီးကိုမချက်ပြုတ်ခင် ဆားရည်နှင့်စိမ်ပြီး ညှစ်ထုတ်လျှင် အခါးသက်သာစေပါသည်။ ကြက်ဟင်း ခါးသီးတွင် ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဗီတာမင်စီ၊ သံဓာတ်၊ ကယ်လ်ဆီယမ် စသည်တို့ပါဝင်ပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါသောအသီးဖြစ်ပါသည်။ ကြက်ဟင်းခါးသီးသည် ရောဂါကြီးသုံးခုက

15 May 2025

ရွှေဖရုံသီး၏အရောင်မှာ ရွှေရောင်ကဲ့သို့ဝင်းဝါနေပြီး အရသာမှာအနည်းငယ်ချိုပြီး အသားမှာ မချက်ပြုတ်မီအလွန်မာကျောသော်လည်း အပူပေးချက်ပြုတ်ပြီးနောက် အင်မတန်နူးညံ့သည်။ အသီးသာမက ရွှေဖရုံပင်၏အရွက်၊ အပွင့်နှင့်အစေ့တို့ကိုလည်း စားသုံးနိုင်သည်။ ရွှေဖရုံသီးကို သတ်သတ်လွတ်ဟင်းလျာအဖြစ် စားသုံးကြသလိုမိမိနှစ်သက်ရာပုစွန် သို့မဟုတ် အသားတစ် မျိုးမျိုးနှင့်ရော၍လည်း ချက်ပြုတ်စားသောက်နိုင်သည်။ ရွှေဖရုံသီးပေါင်း၊ ရွှေဖရုံသီးစွပ်ပြုတ်နှင့် ရွှေဖရုံသီးဆန်ပြုတ်အဖြစ်လည်း စားသောက်လေ့ရှိသည်။ အရွက်၊ အညွန့်နှင့်အပွင့်တို့ကိုကြေ

15 May 2025

      ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ‌ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။

15 May 2025

   ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ ရပ်ကွက်အစုံတွင် ဖွင့်လှစ်ရောင်းချကာ အသက်မွေးဝမ်းကျောင်းပြုပြီး မိမိတို့နေအိမ်များတွင် ကုန်စုံဆိုင် များ ဖွင့်လှစ်ရောင်းချသလို မြို့တွင်းရပ်ကွက်ဈေးများအတွင်းမှာလည်း ရောင်းချလျက်ရှိပါသည်။ ထိုသို့ ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရေဦးမြို့နယ် ဒေသထွက် ပေါက်ပေါက်ဆုတ်များ စတင်ရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

15 May 2025

ကျောက်ဆည်ခရိုင်  ၊ ကျောက်ဆည်မြို့နယ်သည် စပါး ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံစိုက်  ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း မိသားစု အပိုဝင်ငွေရရှိရေးအတွက် ရာသီအလိုက် စိုက်ပျိုးကြပါသည် ။ ပဲကြီးသီးနှံကို ယခင်က လယ်ကန်သင်းရိုး နှင့် မြောင်းဘောင်များတွင်သာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခဲ့ကြပြီး ယခုအချိန်တွင် ယာမြေနှင့်လယ်မြေများတွင် အများအပြား စိုက်ပျိုး လာကြကြောင်း၊ကျောက်ဆည်မြို့နယ်တွင် ပဲကြီးစိုက်ဧက(၁၂၅၀)ဧကခန့် စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သ

Pages