ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီး သီးနှံကို လည်းရာသီမရွေးစိုက်ပျိုးလာကြပါသည် ။ ခရမ်းသီး စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊နှစ်လခွဲ၊ သုံးလအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး ၄ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်း ပိုလာကြောင်း၊(၁)ဧက အထွက်နှုန်းအနေဖြင့် စတင်ခူးဆွတ

ကုလားပဲသီးနှံမှာပြည်တွင်း စားသုံးမှုများပြားပြီး၊ ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများမှာ ၃တင်း ဝင်တစ်အိတ်လျှင်ကုလားပဲ(V-2)၂၅၀၀၀၀ကျပ်၊ကုလားပဲ(V-7)၂၆၀၀၀၀ ကျပ်၊ကုလားပဲ (ထိုင်ဝမ်) ၂၃၀၀၀၀ကျပ်၊ ကုလားပဲ(ဗမာ

ကျောက်ဆည်ခရိုင်အတွင်း၌ သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရာသီစာသီးနှံများ ဖြစ်သော ဗူး ၊ ဖရုံ ၊ ခရမ်းသီးများကိုလည်း စိုက်ပျိုးလျက်ရှိပါသည် ။ ၎င်းသီးနှံများအနက် အလေ့ကျ ပေါက်ပြီး ဆေးဖက်ဝင်ခံတွင်းမြိန်စေသော ကတက်ပင်များလည်း ပေါက်ရောက်လျက်ရှိပါသည် ။ တန်ခူးလဆန်းမှ စတင်၍ ကတက်ရွက်များထွက်ပေါ်လျက်ရှိပါသည် ။ ကတက်ရွက်နုများကိုခူး၍ ဆန်ဆေးရည်ဖြင့် (၂)ရက်ခန့် စိမ်ပြီး ကတက်ရွက်များ အရောင်ပြောင်းသွားသောအခါတွင် ထမင်းရည်ဖြင့်(၂)ရက်ခန့်စိမ်ပြီး ချဉ်လာသောအခါ ဈေးကွက်အတွင်းသို့ လက်ကားတစ်ပိဿာလျှင် (၄၀၀၀)က

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် အညာဒေသဖြစ်သည့်အတွက် အညာ ဒေသထွက်အစားအစာများ ထွက်ပေါ်လျက်ရှိပါသည် ။ ဧပြီလဆန်းမှ စတင်၍ မန်ကျည်းရွက်နုများ စတင်ထွက်ပေါ်လျက်ရှိပါသည်။ အညာဒေသတွင် မန်ကျည်းပင်များကို အရိပ်ရရန်အတွက် စိုက်ပျိုး ထားကြပြီး မန်ကျည်းပင်မှ မန်ကျည်းရွက်နုများနှင့် မန်ကျည်းသီးများကိုလည်း စားသုံးရကြောင်း၊ မန်ကျည်းရွက်နုများကိုခူး၍ မြို့ပေါ်ဈေးများသို့ တင်ပို့ရောင်းချကြောင်း ၊ မန်ကျည်းရွက်နု တစ်ပိဿာကို လက်ကားဈေး(၁၅၀၀၀)ကျပ်ဖြင့် ရောင်းချပေးပြီး လက်လီဈေးအနေဖြင့် မန်ကျည်း ရွက်နုတစ်ဆယ်ကျပ

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက် သီးမှည့် များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
