ကုန်သွယ်မှုသတင်းများ
ပြည်တွင်းစားသုံးမှုနှင့်ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အများအပြားဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊အထွက်နှုန်း(၆.၅၁)တင်း နှင့်အထွက် (၁၅၅၂၇၁) တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝ

မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝင်ရောက်သည့်ပဲတီစိမ်းမှာ ပြည်တွင်း စားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းသီးနှံစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁) ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်း နှင့်အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါတယ်။ မန္တလေး ပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အ

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်ရှိသည့်မတ်ပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ သည့်စျေးကွက်ဝင်ပဲတစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မတ်ပဲ သီးနှံစိုက်ပျိုးမှု (၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက်နှုန်း(၁၂.၆၅)တင်း နှင့် အထွက်(၁၃၂၇၀၉)တင်း ဖြစ်ကြောင်းသိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မေလဒုတိယပတ်အတွင်းဖြစ်ပေ

ကျွန်းလှမြို့တွင် ရာသီအလိုက် ကုန်စိမ်းသီးနှံများအား ရောင်းချလျက်ရှိကာ နေရာဒေသမရွေးကနေ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှစ၍ မှာယူရောင်းချလျက်ရှိကြောင်းသိရပါသည်။

ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၉၆၂၃၈၃ ဧက၊ရိတ်သိမ်းမှု ၈၈၉၄၂၈ ဧက၊အထွက်နှုန်း ၄.၄၆ တင်းနှင့် အထွက်စုစုပေါင်း ၃၉၆၂၈၆၉ တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထွက်ရှိသည့်မြေပဲ၊ နှမ်းနှင့်နေကြာသီးနှံများအား စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့် စားဆီ တင်သွင်းမှု လျော့ချနိုင်ရန်အတွက် နိုင်ငံတော်
