ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 May 2025

    မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်သို့    ရှမ်းပြည်နယ်မှ အများအပြား ဝင်ရောက်လျက်ရှိပြီး၊မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှလည်း ဝင်ရောက်လျက်ရှိကြောင်း သိ ရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း   ၄၉.၅၅   တင်း၊ အထွက်တင်း    စုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်း သိရပါတယ်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်းဖြစ်ပေါ်သည့်အ

15 May 2025

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်လည်းစိုက်ပျိုးကြ ပါသည်။ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် နေကြာ(ဆောင်း)ကို ကျောက်ဆည်မြို့နယ်တွင်(၁၀၂၇၄)ဧက နိုင်ခဲ့ပြီး  ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများ အရသိရှိရပါသည်။ နေကြာ(ဆောင်း)စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀)ကျပ် ကုန်ကြကြောင်း ၊ ယခုအခ

15 May 2025

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်  ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီပွင့်ကို ကျွန်းလှမြို့နယ်မှ ထွက်ရှိသည့် ဒေသထွက်များနှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။

15 May 2025

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ စားဖိုဆောင် သီးနှံများဖြစ်သော ငရုတ် ၊ ကြက်သွန် ၊ နနွင်းများ စိုက်ပျိုးသည့်အပြင် ပဲမျိုးစုံသီးနှံကိုလည်း စိုက်ပျိုး လျှက်ရှိပါသည် ။ ပဲမျိုးစုံသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် မြေပဲသီးနှံကိုလည်း တောင်သူများတိုးချဲ့စိုက်ပျိုးလာကြပါသည်။ ဆောင်းမြေပဲ စိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ် တွင် (၂၂၉)ဧက စိုက်ပျိုးထားရှိပြီး ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိ

15 May 2025

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံပြီး စပါး၊ပဲမျိုးစုံ၊ငရုတ် ကြက်သွန်၊နှမ်းစသည့်သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျှက်ရှိရာ ၄င်းသီးနှံများအနက် ကုလားပဲ(ဆောင်း) သီးနှံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  ကျောက်ဆည်မြို့နယ်တွင်(၃၀၀၉၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဧက အားလုံးရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ကုလားပဲကိုမျိုးအနေဖြင့် V2မျိုး နှင့် ရိုးရိုးကုလားပဲလုံးသေးမျိုးဟူ၍ (၂)မျိုး ရှိပြီး V2 ကုလားပဲမျိုးကိုသာ အများ

Pages