ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 May 2025

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်း ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

15 May 2025

     မန္တလေးမြို့တွင်းသို့ စဉ့်ကူး၊ သပိတ်ကျင်း၊ ပြင်ဦးလွင်နှင့် မတ္တရာတို့မှ ထွက်ရှိသည့်ကြံများ အဆက်မပြတ်ဝင်ရောက်လျှက်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျှက်ရှိကြသည်။ မန္တလေးမြို့ သည် အညာဒေသဖြစ်သည့်အလျောက် မတ်လမှ ဇွန်လအထိ အပူချိန်ပြင်းသည့်ကာလဖြစ်သော ကြောင့် ကြံများမှ ထွက်ရှိသည့် ကြံရည်များသာမက သကြားချက်လုပ်ရာတွင် အသုံးပြုကြပြီး သစ်ပင်ရိပ်နှင့် ထနောင်းရိပ်တို့တွင် အရိပ်ကောင်းသည့်နေရာ၌ကြံရည်များကို တစ်ခွက်လျှင် (၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ယခင်တစ်ချိန်က ကြံကိုအစည်းလိုက်ရောင်းချကြသော

15 May 2025

          ကန့်ဘလူမြို့နယ်တွင် ရုံးပတီသီးများကို တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရသည်။

15 May 2025

     မန္တလေးမြို့ရှိ ကိုင်းတန်းဈေးနှင့် (၄၁)လမ်းဈေးသို့ မုံရွာနှင့် စစ်ကိုင်းဒေသတို့မှ ထွက်ရှိသော  ကင်းပုံသီးများကို ပေါများသည့်ရာသီချိန်တွင် အလုံးတစ်ရာထုပ်များ ထုပ်ပိုး၍ လည်းကောင်း၊ ထန်းကောက်တောင်းများနှင့်ထည့်၍ လက်ကားရောင်းချကြသည်။ ထိုမှ တစ်ဆင့် မန္တလေးမြို့အတွင်းရှိ အနယ်နယ်အရပ်ရပ်ရှိ ဈေးကလေးများတွင် ရောင်းချကြရာတွင် ကင်းပုံသီး မှာ အချိုနှင့် အခါးဟူ၍ နှစ်မျိုးရှိသည်။ အခါးမှာ ဆေးဖက်ဝင်သော အသီးဖြစ်သည်။ ကင်းပုံသီး ကို မျှစ်နှင့် ကြော်၍လည်းကောင်း၊ နွားနို့ပေါများသည့် ဒေသတို့တ

15 May 2025

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အညာတောင်သူ များ၏ အဓိကစိုက်ပျိုးသီးနှံများအနက် တစ်ခုဖြစ်သည့် ပဲစဉ်းငုံသီးနှံကို နှစ်စဉ် မြေပဲ၊ နှမ်းသီးနှံတို့နှင့် ရော၍လည်းကောင်း၊ အခြားသီးနှံများဖြစ်သည့် ပြောင်း၊ ပဲတီစိမ်းတို့ကိုလည်း သီးညှပ်အဖြစ် စိုက်ပျိုးကြ၍ ပြောင်းသီးနှံကို နွားစာအဖြစ်သာ စိုက်ပျိုးကြကြောင်း သိရသည်။ ပဲစဉ်းငုံသီးနှံ သီးသန့်လည်းစိုက်ပျိုးကြသည်။ အဆိုပါ နှမ်းသီးနှံနှင့် မြေပဲသီးနှံများ သိမ်းဆည်းပြီးချိန် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တစ်နှစ်စာတွက် နောက်ဆုံးကျန်ရှိသ

Pages