ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 May 2025

  သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည့် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို ကျွန်းလှမြို့နယ်အတွင်းထွက်ရှိသည့် ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

15 May 2025

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး ကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချလျက်ရှိကြောင်းသိရသည်။

15 May 2025

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချသည့်အနက် တောကြက်ဟင်းခါးသီးကိုလည်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှ မြို့နယ် အတွင်းရှိကျေးရွာများမှ တောကြက်ဟင်းခါးသီးကို စင်ထိုးပြီး စိုက်ပျိုးခြင်း၊ ခြံစည်းရိုးပေါ်တင် စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်း သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

15 May 2025

    ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက် ပြုတ်ရောင်းချလျက်ရှိပြီး ကြက်တက် ရွက်မှာ မိုးဦးကျစ ဧပြီလကုန်ပိုင်းတွင် စတင်ပေါက်ရောက် လေ့ရှိသော အရွက်တစ်မျိုး လည်းဖြစ်ပါသည်။ ကြက်တက်ရွက်များကို တောထဲ၌သွားခူးကြပြီး နာရီဝက် ခန့်ကြာ အောင်ပြုတ်၍ အလေးချိန်နှင့်ရော လက်တွင်းတစ်ဆုတ်စာ အလုံးလေးများလုံပြီး ဈေးထဲတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

15 May 2025

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင် ယာမြေများတွင်သာ စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချလျက်ရှိပါသည်။

Pages