ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 May 2022

         ကြက်သွန်နီပိုလျှံမှုရှိသော မိတ္ထီလာခရိုင်အနေဖြင့် အခြားဒေသများသို့ တင်ပို့မှုရှိရာ ယခုနောက်ပိုင်း ရန်ကုန်ဝယ်စျေးနိမ့်ခြင်းကြောင့် တင်ပို့မှုမရှိသလောက်နည်းလာပြီး တွက်ခြေကိုက်မှုရှိသော မြဝတီသို့ တင်ပို့မှုရှိကြောင်း သိရှိရပါသည်။ မြဝတီဝယ်လက်အနေဖြင့် အလတ်စ မှာယူမှုများပြီး အသေးစကိုလည်း အနည်းငယ် ဝယ်ယူမှုရှိကာ အဝယ်လိုက်သဖြင့် စျေးမြင့်လာပါသည်။ ဒေသတွင်းလက်ရှိ ကြက်သွန်နီစျေးမှာ လက္ကားစျေး တစ်ပိဿာလျှင် အလတ်စ (၈၅၀) နှင့် အသေးစ (၆၀၀) စျေးရှိပါသည်။ ယခု ရက်ပိုင်းအတွင်း မိတ္ထီလာ

27 May 2022

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် Online စနစ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ မေလ စတုတ္တပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းကျပ် ၄၈၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၁၈၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၄၇၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၄၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၂၇၀၀၊ ကုလားပဲ V2(သစ်) တစ်တင်းကျပ် ၄၈၆၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၅၁၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

26 May 2022

            စစ်ကိုင်းတိုင်းဒေသကြီးသည် မေလ(စတုတ္တ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဈေးအနည်းငယ်တက်နေပြီး ရေဦးမြို့တွင် ဈေးအနည်းငယ်ကျနေသည်။ မုံရွာခရိုင်တွင် စပါးဈေးအနည်းငယ်ကျနေပြီး၊ ဆန်ဈေးအနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးတန့်နေပါသည်။

26 May 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းစိုးနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၂) ရက်နေ့ (၁၂:၀၀) မှ (၁၃:၃၀)အထိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲကို ပန်းတနော်မြို့နယ် ၊ လင်းလက် အမျိုးသမီးစက်ချုပ် သင်တန်းကျောင်းတွင်   ပြုလုပ်ခဲ့ကြပါသည်။     

26 May 2022

              စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင်မှ ဝန်ထမ်းများသည် (24.5.2022)ရက်နေ့တွင် ကျောက်မဲမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဗဟိုဈေး၊ မင်္ဂလာ‌‌ဈေး၊ အခွန်လွတ်ဈေးနှင့် ဘူတာဈေးများသို့ သွားရောက်၍ ဆန်ဆိုင်များနှင့် သီးနှံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

Pages