ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 May 2022

         မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ စိုက်ပျိုးကြပြီး မြေနုကျွန်းနှင့်ကိုင်းမြေများတွင် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံနှင့် နှစ်ရှည်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ အချို့သောဒေသခံ တောင်သူများသည် ရေလွှဲဆည်ရေများနှင့် မြေအောက်ရေများကို အမှီပြု၍ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလု

25 May 2022

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မေလတတိယပတ်တွင် ကြက်ဥ/ဘဲဥဈေးများမှာ မေလပထမပတ်ထက်စာရင် ဈေးသိသိသာသာမြင့်တက်လာကြောင်း သိရှိရပါသည်။ မေလပထမပတ်တွင် ကြက်ဥတစ်လုံးလျှင် လက်လီဈေး ၁၅၀-၁၇၀ ကျပ်၊ ဘဲဥတစ်လုံးလျှင် လက်လီဈေး ၁၈၀-၂၀၀ကျပ်အထိ ဈေးရှိခဲ့ပါသည်။ မေလတတိယပတ်တွင် ကြက်ဥဈေးမှာ ပုံမှန်ဆိုဒ်တစ်လုံးလျှင် ၁၈၀-၂၀၀ ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၂၀၀-၂၅၀ ကျပ်အထိ ဈေးမြင့်တက်လာခဲ့ပါသည်။ ထိုသို့ ကြက်ဥ/ ဘဲဥများဈေးမြင့်တက်လာရခြင်းမှာ ကြက်မွေးမြူရေးခြံနှင့် ဘဲမွေးမြူရေးခြံများအနေဖြင့် ကြက်စာန

25 May 2022

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အရှေ့ဘက်ရှိ ကရင်ပြည်နယ် သံတောင်ကြီးဒေသမှ ဒူးရင်းသီးများ ပေါ်နေပြီဖြစ်ရာ တောင်ငူမြို့သို့ ဒူးရင်းသီးများ ဝင်ရောက်လာပြီဖြစ်ပါသည်။ ဒူးရင်းသီးရာသီဖြစ်ပြီး လူကြိုက်များသောကြောင့် တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေးနှင့် ညောင်ပင်ဈေးများတွင် ဒူးရင်းသီးရောင်းဝယ်ဖောက်ကားသူများဖြင့် စည်ကားလျက်ရှိပါသည်။

25 May 2022

             ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် မိုးရာသီဖြစ်သော မေလနှင့်ဇွန်လများတွင် ရာသီစာအင်ဥများ ထွက်ပေါ်လာပြီဖြစ်ပါသည်။ ပေါ်ခါစဖြစ်သည့်အတွက် စားသုံးသူများက ဝယ်ယူစားသုံးကြသည့်အတွက် ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ပါသည်။ အင်ဥကို ပဲခူးရိုးမတကြော အင်တိုင်းတောများတွင် အင်ဥပင်များအောက်ခြေရှိသဲများကို ဂေါ်ပြားများဖြင့်တူးဆွရာမှ ရရှိပါသည်။ အင်ဥကို ကန်စွန်းရိုးနီဖြင့်ကြော်စားခြင်း၊ သံပုရာသီးများဖြင့်သုတ်စားခြင်းများဖြင့် စားသုံးကြပါသည်။ အင်ဥသည်များများစားလျှင်တောက်တက်၍ အဆိပ်အတောက်ဖြစ်

25 May 2022

             ယခုအချိန်ရာသီကာလသည် ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ရာ ပဲခူးဈေးကွက်အတွင်းသို့ ကြက်မောက်သီးများ စတင်ဝင်ရောက်လျက်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။ အဆိုပါကြက်မောက်သီးများအား မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို ၊ဘီးလင်း၊ သထုံ ၊ မော်လမြိုင်မြို့များမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။

Pages