ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Jan 2022

          စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင်   ဦးစီးမှူး   ဦးအောင်သိန်း  ၊   မိုးညို မြို့နယ်တာဝန်ခံ ဦးဇော်ထွန်း၊ စားသုံး  / ထုတ်လုံ တာဝန်ခံ   ဒေါ်ခိုင်ခိုင်ရီတို့သည် ၂၀၂၂ ခုနှစ်   ၊ ဇန်နဝါရီလ (၂၄) ရက်နေ့  နံနက် ( ၁၀: ၀၀) အချိန်တွင် သာယာဝတီခရိုင် မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးနိုင်ဝင်းနှင့်တွေ့ဆုံ၍ ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသားများအား   စားသုံးသူကာကွယ်ရေးဉပဒေနှင့် အညီ ပြည့်စုံစွာဖော်ပြပါရှိစေရေး ဆွေးနွေးခဲ့ပါသည်။

28 Jan 2022

         ယခုအချိန်၌ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီး ၊ ဟဲဟိုး နှင့် အောင်ပန်းဒေသများတွင် ပဲလိပ်ပြာများ အများအပြားထွက်ရှိလျက်ရှိပါသည်။ ပဲလိပ်ပြာကို ထောပတ်ပဲ၊  မောင်မခေါ်ပဲ၊ ပဲဆိတ်တိုစသဖြင့်လည်းအမျိုးမျိုးခေါ်ဝေါ်ကြပြီး အရသာမှာ စိမ့်သောအရသာရှိသောကြောင့် လူကြိုက်များသောပဲတစ်မျိုးဖြစ်သည်။ ရှမ်း(တောင်) တွင် ပဲလိပ်ပြာကို မေလ နှင့် ဇွန်လများတွင် စိုက်ပျိုးကြပြီး ဇူလိုင်၊ ဩဂုတ်လများတွင် စတင်ထွက်ပေါ်ကာ ဖေဖော်ဝါရီ လအထိ ထွက်ရှိကြောင်းသိရှိရသည်။

28 Jan 2022

      ကွမ်းရွက်ပင်သည် မြန်မာနိုင်ငံတွင် တကောင်းခေတ်၊ ပုဂံခေတ်များကပင်ရှိခဲ့သော အပင်တစ်မျိုး ဖြစ်သည်။ ကွမ်းရွက်ပင်သည် နွယ်ပင်အမျိုးအစား တစ်မျိုးဖြစ်ပြီး သစ်တောကြီးများတွင် သဘာဝ အလျောက်ပေါက်ရောက်ရှင်သန်ကြသည်။ ရှေးမြန်မာ လူမျိုးများ အထွတ်အမြတ်ထား အသုံးပြုသော အပင်နှစ်မျိုးတွင် ကွမ်းရွက်ပင်သည် တစ်ပင်အပါအဝင်ဖြစ်သည်။ “မြန်မာအစ တကောင်းက”ဟုဆို သကဲ့သို့ ကွမ်းရွက်အစသည်လည်း တကောင်းက ဟုဆိုနိုင်သည်။ မြန်မာလူမျိုးများမှာ ကွမ်းစားခြင်း ဓလေ့ရှိခြင်းကြောင့် ကွမ်းရွက်ပင်များစိုက်ပျိုးခြင်းသည်

28 Jan 2022

        စာသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် ၂၆.၁.၂၀၂၂ရက်နေ့တွင် မုံရွာမြို့နယ်၊ ရွာတုံရပ်ရှိ စစ်ကိုင်းတိုင်းဒေသကြီး မုန့်လုပ်ငန်းရှင်များအသင်းမှ ဦးစီးတည်ထောင်သည့် မုန့်လုပ်ငန်းဇုန်သို့သွားရောက်၍ အသင်း၏ ဒုတိယဥက္ကဌနှင့်တွေ့ဆုံ၍ မုန့်လုပ်ငန်းဇုန်နှင့်သက်ဆိုင်သော အချက်အလက်များအား တွေ့ဆုံမေးမြန်းရာ ဒုတိယဥက္ကဌက မိမိတို့၏ မုန့်လုပ်ငန်းဇုန်ကို ၂၀၁၈-၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ

28 Jan 2022

         မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများ Online မှဆွေးနွေးခဲ့ပြီးနောက် လွယ်ဂျယ်နယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါသည်။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံဘက်ခြမ်းတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားပိုင် ကုန်တင်ယာဉ်အစီးရေ(၃၆၀)ကျော်ကို ၂၅.၁.၂၀၂၂ရက်နေ့တွင် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ထွက်ခွာခွင့်ပြုခဲ့သဖြင့် ၎င်းကုန်တင်ယာဉ်များကို တရုတ်ယာဉ်မောင်းများမှ လွယ်ဂျယ်မြို့အထိလာ

Pages