ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jan 2022

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင် ပိတ်ထားသော်လည်း Online စနစ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေး နှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ် ၄၀၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၄၃၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၃၅၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၂၅၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၄၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၄၅၆၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၄၅၃၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

27 Jan 2022

        စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်တွင် တည်ရှိသော ကသာခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များတွင် မြေထောက်ပဲသီးနှံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ၂၀၂၂-ခုနှစ် ကသာခရိုင်တွင်း မြေထောက်ပဲ စိုက်ဧကမှာ (၃၉၃၅၂)ဧကခန့်ရှိကြောင်း သိရှိရသည်။

27 Jan 2022

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောစျေးနှုန်းဖြင့် စားသုံးဆီများ ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ (၁၇) သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို (၁၇.၁.၂၀၂၂)ရက် (တနင်္လာနေ့)မှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လက်ကားရောင်းချပေး

27 Jan 2022

           ပြည်ထောင်စုနယ်မြေတွင် ဥတ္တရခရိုင်နှင့် ဒက္ခိဏခရိုင်ဟူ၍ ခရိုင်(၂)ခုရှိပါသည်။ ဥတ္တရခရိုင်တွင် တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ပါဝင်ပြီး ဒက္ခိဏခရိုင်တွင် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ ပါဝင်ပါသည်။

27 Jan 2022

အင်ဒီကာဆန်အပေါ် အီးယူက အခွန်သက်သာခွင့်ပြန်လည်ပေးအပ်မည်

Pages