
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဇူလိုင်လတတိယပတ်အတွင်း ဖြစ်ပေါ်နေသော အသား၊ ငါးနှင့်ဥ ဈေးနှုန်းများမှာ ကြက်သား(CP)(အသားတိုး)တစ်ပိဿာလျှင်(၁၈၀၀၀/-)ကျပ်၊ ကြက်သား(CP) (ဥနှုန်းကျ)တစ်ပိဿာလျှင် (၂၄၀၀၀/-)ကျပ်၊ ကြက်(ဗမာ) တစ်ပိဿာလျှင် (၃၂၀၀၀/-)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၃၅၀၀၀/-)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၃၅၀၀၀/-)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၂၄၀၀၀/-)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၂၄၀၀၀/-)ကျပ်၊ ငါးခူ တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ အာပြဲခြောက် တစ်ပိဿာလျှင် (၃၄၀၀၀/-)ကျပ်၊ ငါးတံခွန် တစ်ပိဿာလျှင်(၁၈၀၀၀/-)ကျပ်၊ ငါးပိ(စိမ်းစား) တစ်ပိဿာ လျှင်(၁၀၀၀၀/-)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၃၀/-)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၇၀၀/-)ကျပ် ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
ယခင်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ကြက်သား(CP)(အသားတိုး) တစ်ပိဿာ လျှင် (၂၀၀၀/-)ကျပ် ၊ ၊ ကြက်သား (CP) (ဥနှုန်းကျ) တစ်ပိဿာလျှင် (၁၀၀၀/-)ကျပ် ၊ ငါးခူ တစ်ပိဿာလျှင်(၃၀၀၀/-)ကျပ်စီဖြင့် ဈေးနှုန်းကျသွားပြီး ငါးပိ (စိမ်းစား) တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်၊ ကြက်ဥ တစ်လုံးလျှင်(၃၀)ကျပ် ဈေးနှုန်းတက်သွားကြောင်းနှင့် ကျန်အသား၊ ငါးနှင့်ဥ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(ကယား)