ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Jan 2022

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ မတ်ပဲစျေးမှာ ဒီဇင်ဘာလ တတိယပတ်တွင် ပဲတစ်တင်းကို ၃၈၀၀၀ ကျပ်စျေးထိ စျေးကျခဲ့ပါသည်။ ဒီဇင်ဘာလကုန်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့ရန် စာချုပ်သစ်များ ချုပ်ဆိုပြီး ပဲတစ်တင်းလျှင် ၄၀၅၀၀ ကျပ်ထိ စျေးတက်လာခဲ့ပါသည်။ ဇန်နဝါရီလ အစမှာ ပဲတစ်တင်းကို ၄၅၅၀၀ကျပ်ထိ စျေးမြင့်ခဲ့ပါသည်။ ယခုတစ်ပတ်မှာ မတ်ပဲတစ်တင်းကို ၄၅၀၀၀ကျပ်ဖြင့် စျေးတည်ငြိမ်နေခဲ့ပါသည်။ ရန်ကုန်ဝယ်လက်မှလည်း ပဲအဝယ်ရှိ၍ တစ်ရက်ကို အိတ် ၂၅၀/၃၀၀ ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရ

26 Jan 2022

          ယင်းမာပင်ခရိုင်သည်  ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ အဓိက စိုက်ပျိုးထုတ်လုပ်သည့် ခရိုင်တစ်ခု ဖြစ်ပါသည်။ နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက (၃)သိန်းကျော်နှင့် ဆီထွက်သီးနှံစိုက်ဧက (၄)သိန်းခန့် စိုက်ပျိုးထွက်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းဇယားအရ သိရှိရပါသည်။ ဆီထွက်သီးနှံများ အနက် နှမ်း၊ မြေပဲနှင့် နေကြာသီးနှံများကို အဓိက စိုက်ပျိးကြပြီး နေကြာသီးနှံမှာ ဆီထွက်သီးနှံ စုစုပေါင်း စိုက်ဧက၏( ၂၀%) ကျော်ခန့်ရှိကြောင်း လေ့လာသိရှိရပါသည်။

26 Jan 2022

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မုံရွာ၊ ဒိုက်ဦး၊ ပဲခူး၊ ခရမ်းမှ ဖရဲ (855) အကြီးတစ်လုံး ကျပ် ၄၀၀၀၊ အလတ် ကျပ် ၃၀၀၀၊ အသေး ကျပ် ၂၀၀၀၊ ဖရဲ(211) အကြီးတစ်လုံး ကျပ် ၂၀၀၀၊ အလတ် ကျပ် ၁၅၀၀၊ အသေး ကျပ် ၇၀၀ နှင့် မှော်ဘီတိုက်ကြီးမှ မာလကာသီး (ကီလို) အကြီးတစ်လုံး ကျပ် ၆၀၀၊ အလတ် ကျပ် ၄၀၀၊ အသေး ကျပ် ၂၀၀ အသီးသီးရှိကြောင်း သိရသည်။

26 Jan 2022

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစန်းအောင်၊ဒု-ဦးစီးမှူး သည် နွားစားငုတ်ကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ သုံးအိုင်ကျေးရွာများမှ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်သူ တောင် သူများနှင့် (၁၈.၁.၂၀၂၂) ရက်နေ့ နံနက် (၁၀)နာရီအချိန်ခန့်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

26 Jan 2022

         ပန်းမြို့တော်၊နှင်းမြို့တော်၊တောင်လှေကားမြို့တော်၊ မေမြို့ (သို့) ပြင်ဦးလွင် စသောအမည်များဖြင့် လူသိများထင်ရှားသော ပြင်ဦးလွင်မြို့လေးသည် ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၃၅၃၈)ပေမြင့်ပြီး အေးမြတဲ့ရာသီဥတုရှိသော တောင်ပေါမြို့လေးဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သော မြို့လေးဖြစ်ပြီး ဒေသခံတောင်သူများမှာလည်း နှစ်ရှည်သီးနှံများ ဧကအလိုက်စိုက်ပျိုးလျက်ရှိပြီး ရာသီစာသီးနှံများကိုလည်းအလှည့်ကျ စိုက်ပျိုး၍ စီးပွားဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများထဲမှ စတော်ဘယ်ရီသီးနှံအာ

Pages