ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Jan 2022

         ဆောင်းရာသီအစားအစာများတွင် ပဲချိုချိုသည် လူကြိုက်များလှသည်။ ဒေသအခေါ် ပဲချိုချို သည် စားတော်ပဲပင်ဖြစ်သည်။ သို့သေ်ာ အဆိုပါ စားတော်ပဲသည် အလုံးကြီး၊ အသားနူးညံ့ပျေ့ပျောင်းကာ အစိမ်းရင့်ရောင်ရှိပြီး ချိုဆိမ့်သည်။ အထက်ပါ အရသာထူးခြားသည့် စားတော်ပဲကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် နန့်ရင်းချောင်းဒေသတစ်ဝိုက်တွင်သာ စိုက်ပျိုးဖြစ်ထွန်းသောကြောင့် ဘုရားပေးသောမြေနှင့် နန့်ရင်းစားတော်ပဲဟု တင်စားခေါ်ဝေါ်ကြသည်။

25 Jan 2022

          အစေ့ထုတ်ပြောင်းကို အဓိကအားဖြင့် ပြည်တွင်းမွေးမြူရေးအစားအစာအဖြစ် အများဆုံး အသုံးပြုကြပါသည်။ အရက်ချက်လုပ်ငန်းများ၊ ထောပတ်ဖြင့်ပေါက်ပေါက်ပွင့်ပြုလုပ်၍ တန်ဖိုးမြှင့် ထုတ်ကုန်သရေစာအဖြစ်လည်း စားသုံးကြပါသည်။ အစေ့ထုတ်ပြောင်း(မိုး)ကို မေ ၊ ဇွန်လများတွင် စိုက်ပျိုးကြပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ရိတ်သိမ်းလေ့ရှိပါသည်။ အစေ့ထုတ် ပြောင်း(ဆောင်း)ကို အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီ ၊ မတ် ၊ ဧပြီလ များတွင် ရိတ်သိမ်းလေ့ရှိပါသည်။ ၂၀၂၁-၂၀၂၂ခုနှစ

24 Jan 2022

ယခုအချိန်အခါတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် စတော်ဘယ်ရီသီးများ စတင်ထွက်ရှိချိန်ဖြစ်ပါသည်။ မူရင်းဒေသမှာ မြောက်အမေရိကတိုက်မှ ဖြစ်ပြီး အင်္ဂလိပ်အမည် Strawberry ဖြစ်ပါသည်။ စတော်ဘယ်ရီသည် အေးမြသောရာသီဥတုကို နှစ်သက်သဖြင့် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

24 Jan 2022

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသည့်အပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လျက်ရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ ရှမ်းရိုးမ မွေးမြူရေးဇုံ အပြင် တောင်ကြီးမြို့နယ်အနီးပတ်ဝန်းကျင်ရှိ (၆)မိုင်၊ အေးသာယာ(ထုံးဖို)၊ ရွှေညောင်၊ ဇလဲ စသည့်ကျေးရွာများတွင်လဲ ဥစားကြက် မွေးမြူရေးလုပ်ငန်း များကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြခြင်းများ ရှိပါသည်။ ဥစားကြက် မွေးမြူခြင်းတွင် ဥစားကြက်မ အကောင်ရေ (၅၀၀၀)ဆန့် အလျား(၁၅၀' ၊ အနံ ၃၃' ၊

24 Jan 2022

မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးဧက အများဆုံးပြည်နယ်တစ်ခုဖြစ်ရာ ၂၀၂၀ ခုနှစ်တွင် ရော်ဘာစိုက်ဧက (၅၀၁၇၁၉) ဧကရှိပြီး အစေးလှီးဧက (၃၃၀၀၁၄)ဧကရှိရာ ရော်ဘာထွက်ရှိမှုစုစုပေါင်း တန်ချိန် သိန်း(၂၄၀၀)ထွက်ရှိကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရသိရှိရသည်။ မော်လမြိုင်ကုန်စည်ဒိုင်၏ နေ့စဉ်ဒေသထွက်ကုန်ဈေးနှုန်း အချက်အလက်များအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ ရော်ဘာပေါက်ဈေးမှ RSS-3 တစ်ပေါင်လျှင် (၇၃၀) ကျပ်ရှိခဲ့ပြီး ဇန်နဝါရီလ တစ်လလုံးတွင်ရော်ဘာဈေးနှုန်းများအတက်အကျပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့မှုမရှိကြေ

Pages