ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Apr 2022

          ကွမ်းသီးနှင့် သီဟိုတို့းသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး တစ်

20 Apr 2022

             ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမိုင်တိုင်အမှတ် ၁၃၂/၃ ၊ လမ်းမအနောက် ဖက်တွင် စိန်တလုံးသရက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ယခုအခါ အသီးများပေါ်နေပြီ ဖြစ်ပါသည်။ စိန်တလုံးသရက်သီးမျိုးများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ် ကျေးရွာတွင် သွားရောက်ဝယ်ယူပြီး အပင်သက် ၅ နှစ် တွင် အသီးစသီးကြောင်း သိရပါသည်။ အသီးစသီးခါစက တစ်ပင်လျှင် အလုံး ၂၀ မှ ၃၀ အထိသာသီးပြီး အပင်သက်တမ်းရင့်လျှင် အလုံး ၈၀ မှ ၁၀၀ အထိသီးကြောင်း သိ

20 Apr 2022

                   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ အုတ်တွင်းမြို့နယ်တွင် နွေစပါးစိုက်ဧက ၂၈၆၂၂ ဧက စိုက်ပျိုးသည့်အနက် ဘုရားကလေးကျေးရွာတွင် ထိုင်းနှံကောက် ၂၀ ဧက ရိတ်သိမ်းလျက်ရှိပြီး တင်း ၁၀၀ လျှင် ကွင်းဈေး ၇၃၀၀၀၀ ကျပ်နှင့် စက်ရုံအရောက်ဈေး ၇၇၀၀၀၀ ကျပ်ဈေးဖြင့် ဝယ်ယူနေကြောင်း သိရှိရပါသည်။ ယခင်နှစ် နွေစပါးပေါ်ချိန်တွင် တင်း ၁၀၀ လျှင် ၆၀၀၀၀၀ ကျပ်ဝန်းကျင်နှင့် စက်ရုံအရောက်ဈေး ၆၂၀၀၀၀ ကျပ်ဝန်းကျင်ရရှိသဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် စပါးဈေးမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

19 Apr 2022

           ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျှက်ရှိရာ ယခင်လကပဲဈေးများ ကောင်းနေရာမှ ဧပြီလဆန်းပိုင်းမှစ၍ ပဲဈေးများပြန်လည်ကျလာသည်ကို တွေ့ရပါသည်။

19 Apr 2022

             ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ ထွက်ရှိသော ဧည့်မထစပါးအမျိုးအစားများကို ရွှေဝါရောင်ကုမ္ပဏီမှ ဖိလစ်ပိုင်နိုင်ငံသို့ NIMBA အမှတ်တံဆိပ်ဖြင့် တင်ပို့ရန် သီးသန့်ဝယ်ယူ၍ သိုလှောင်လျက်ရှိပြီး စပါးများကို သနပ်ပင်မြို့ရှိ ချမ်းအေးဆန်စက် ၊ ရွှေနဒီဆန်စက်တို့မှ အရောင်းအဝယ်စာချုပ်များ ချုပ်ဆို၍ ကြိတ်ခွဲတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ရွှေဝါရောင်ကုမ္ပဏီမှ နိုင်ငံခြားသို့ တင်ပို့မည့် Export ဆန် ဧည့်မထ ၅% စူပါ (၅) ဆန် (၅၀)Kg အိတ်ရေ

Pages