
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိရစ္ဆာန် မွေးမြူရေးနှင့်ကူသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အမှတ်(၇)ရပ်ကွက်၊နန္ဒဝန်ဈေးတွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။
ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊ ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၆၈၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)