ပြည်မြို့ရှိဈေးကွက်များတွင် အာလူးဈေးအနည်းငယ်မြင့်တက်လာ

Powered by Drupal

 ပြည်ခရိုင်၊ ပြည်မြို့ရှိဈေးကွက်များတွင် အာလူးဈေးမှာ ယခင်လနှင့်စာလျှင် ယခုလမှာ ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။  ယခင်လဖြစ်သော ဇွန်လတွင် အာလူးဈေးမှာ တစ်ပိဿာ လျှင် အနည်းဆုံး (၃၇၀၀)ကျပ်မှ အများဆုံး (၄၅၀၀)ကျပ် ဖြင့်ရောင်းချခဲ့ပါသည်။ ယခုဇူလိုင်လ တတိယပတ်တွင် အာလူးတစ်ပိဿာလျှင် အနည်းဆုံး(၄၅၀၀)ကျပ် မှ အများဆုံး (၅၅၀၀)ကျပ်ဖြင့် ရောင်းချသဖြင့် အာလူးဈေးမှှာ တစ်ပိဿာလျှင် (၈၀၀)ကျပ်မှ (၁၀၀၀)ကျပ်အထိ ဈေးမြင့်တက် လာခဲ့ပါသည်။ ယခင်နှစ် ဇူလိုင်လတွင် အာလူးဈေးမှာ တစ်ပိဿာလျှင် အနည်းဆုံး (၃၂၀၀)ကျပ် မှ အမြင့်ဆုံး (၅၀၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းချခဲ့သဖြင့် ယခင်နှစ်အာလူးဈေးမှာ ယခုနှစ် အာလူး ဈေးမှာ အနိမ့်ဈေး(၁၃၀၀)ကျပ် နှင့် အမြင့်ဈေး (၅၀၀)ကျပ်သာ ဈေးမြင့် တက်မှုရှိတာ တွေ့ရှိရပါသည်။
  ယခုအပတ်တွင် အာလူးဈေးများအနည်းငယ်မြင့်တက်လာရခြင်းမှာ မိုးရာသီဖြစ်၍ အာလူး ပွဲရုံများသို့ ဝင်ရောက်မှုမရှိခြင်း၊ ပွဲရုံများတွင် အာလူးလက်ကျန်နည်းလာခြင်း၊ ဝယ်လက်များသာရှိ၍ အာလူးဈေးများမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)