ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Jan 2022

ပဲခူးတိုင်းဒေသကြီး၌ ကွမ်းသီးစိုက်ဧက (၂၀၀၀)ကျော်တွင် တောင်ငူခရိုင်၌ စိုက်ဧက (၁၀၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး တောင်ငူခရိုင်နှင့် နယ်နမိတ်ခြင်း ဆက်စပ်လျှက်ရှိသော ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသတွင် ကွမ်းသီးစိုက်ဧကအများဆုံး စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရပါသည်။ သံတောင်ကြီးဒေသ၏ ကွမ်းသီးစိုက်ဧကမှာ (၅၈၇၇) ဧကခန့်ရှိပြီး တစ်ဧက အထွက်နှုန်း အနေဖြင့်( ၃၁၃ )ပိဿာခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ကွမ်းသီးဈေးကွက် အနေဖြင့် တောင်ငူခရိုင်မှထွက်ရှိသော ကွမ်းသီးများသာမက သံတောင်ကြီးဒေသ မှထွက်ရှိသော ကွမ်းသီးများသည်လည်

24 Jan 2022

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ အနေဖြင့် ဆောင်းသီနှံမျိုးစုံကို လယ်နားချိန်ကာလ၌ စိုက်ပျိုးလျက်ရှိရာ ပဲခူးမြို့နယ်၊ မုန်တိုင်း ကျေးရွာတွင် ခရမ်းသီးနှံစိုက် တောင်သူများအောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် ဆွတ်ခူး ရောင်းချနေရသဖြင့် အပိုဝင်ငွေ ရရှိကာမိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။

24 Jan 2022

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အတွင်းရှိ ဘဏ္ဍာကုန်းကျေးရွာတွင် အသေးစားအိမ်တွင်းမှုလုပ်ငန်း ဖြစ်သည့်‌ မြေအိုးလုပ်ငန်းကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။

24 Jan 2022

ပဲခူးမြို့တွင် အိမ်ဆောက်ပစ္စည်းဆောက်လုပ်ရေးလုပ်ငန်းသုံး အရောင်းဆိုင်များတွင် ပုံမှန် ရောင်းဝယ်နေသော Double Rhino (ကြံနှစ်ကောင်အနီ)၊ Double Rhino (ကြံနှစ်ကောင်အစိမ်း)၊ Apache(အပါချီ)၊ SCG(ထိုင်းဆင်)၊ Max Cement(မတ်စ်) စသည့် ဘိလပ်မြေအမျိုးအစားများမှာ ပစ္စည်းပြတ်လတ်ခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းများဖြစ်ပေါ်နေကြောင်းသိရသည်။

24 Jan 2022

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ဘိန်းဗျောကျေးရွာသည် ရေမြေသဘာဝ မြေဩဇာကောင်းမွန်ပြီး သီးနှံပင်များအထူးဖြစ်ထွန်းအောင်မြင်သဖြင့် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် ကျေးရွာဖြစ်ပြီး ကြက်ဟင်းခါးသီး အချို့က တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြသလို အချို့က စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရှိရသည်။ ယခုအချိန်တွင် ဘိန်းဗျောကျေးရွာ၌ ကြက်ဟင်းခါးပင်များ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိူးတောင်သူများ ဝင်ငွေတိုးကာ စီးပွားရေးအဆင်ပြေလျှက် ရှိကြောင်း ကြက်ဟင်းခါးကိုယ်တိုင်စိုက်ပျို

Pages