
ပြည်ဈေးကွက်သို့ မန်ကျည်းမှည့်များ ဖေဖော်ဝါရီလ ဒုတိယပတ်မှ ဝင်ရောက်မှုရှိပြီး ရွှေတောင်၊ ပြည်၊ အနောက်ဘက်ကမ်းပန်းတောင်း၊ ရွှေဘုံသာ၊ မန်ကျည်းစုရွာများ၊ မှော်ဇာ၊ ကုန်းရိုး၊ ဇီးအုပ်စသည့် ရွာများမှ ဝင်ရောက်မှုရှိပြီး ခန့်မှန်းပိဿာ တစ်နေ့လျှင် (၅၀၀)ခန့် ရက်ခြား အဝင်ရှိကြောင်းသိရပြီး ဈေးနှုန်းမှာတစ်ပိဿာလျှင်ကျပ် (၁၂၀၀၀-၁၄၀၀၀) နှုန်းရောင်းချမှုရှိပြီး ယခုဇူလိုင်လတွင် တစ်ပိဿာလျှင် ဈေးနှုန်းမှာကျပ် (၁၈၀၀၀-၂၀၀၀၀)ကျပ်ထိရောင်းချမှုရှိကြောင်း သိရပါသည်။ ယခုလိုဈေးများမြင့်တက်လာရခြင်းမှာ ယခုအချိန်တွင် မန်ကျည်းသီး အစိမ်း ဈေးကွက်တွင် ရောက်ရှိလာ၍ မန်ကျည်းသီးအမှည့်များရှားလာသဖြင့် တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ခန့် ဈေးများမြင့်တက်လာကြောင်း သိရပါသည်။
DOCA(ပဲခူး)