
ပြည်ကုန်စည်ဒိုင်တွင်မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ၊ ပဲကျွန်း စသည့်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲတစ်တင်းကို (၉၅၅၀၀-၉၆၀၀၀)ကျပ်ဖြင့်တစ်ရက်ကို အိတ်(၂၀၀)ခန့်ရန်ကုန်အဝယ်ရှိနေပါသည်။ ပဲစဉ်းငုံနီ တစ်တင်း ကို (၈၇၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၂၅၀)ခန့်အဝယ်ရှိနေပါသည်။ ဇူလိုင် တတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို (၉၀၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းကို (၉၄၅၀၀-၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲခွဲစက်သမားများ အဝယ်တစ်ရက်ကိုအိတ် (၂၅၀)ခန့်ရှိပါ သည်။ ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၁၀၂၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၉၂၀၀၀) ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ အဝယ်ရှိနေပြီး တစ်ရက်ကို အိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ ဘိုကိတ် ပဲတစ်တင်း ကို (၇၀၀၀၀)ကျပ်ဖြင့်မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့် အဝယ်ရှိပါသည်။ စားတော်ပဲ (ရွှေကျွန်း)တစ်တင်းကို (၁၇၅၀၀၀) ကျပ် ဖြင့်မြို့တွင်း အဝယ် တစ်ရက်ကို အိတ်(၅၀)ခန့်အဝယ်ရှိပါသည်။ ပြည်ကုန်စည်ဒိုင်တွင် ပဲအရောင်းအဝယ်မှာ သွက် လျက်ရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)