
ပြည်ခရိုင်၊ ပြည်မြို့တွင်ပဲကြီးနှင့်စားတော်ပဲ(ကျွန်း) သီးနှံများ မြို့တွင်း အရောင်း အဝယ်ဖြစ်လျက် ရှိနေသည်။ ယခင်နှစ်က ဇူလိုင်တတိယပတ်တွင်ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၉၀၀၀၀)ကျပ်၊ ကုန်းပဲ တစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ပြီးယခုနှစ် ဇူလိုင် ဒုတိယပတ်တွင်းပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၁၀၂၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို အိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ ယခုနှစ် ဈေးကပိုမိုကောင်းမွန်နေကြောင်း သိရှိရပါသည်။
ယခုနှစ် ဇူလိုင်တတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၇၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် (၅၀)ခန့်ရှိပါသည်။ ယခင်နှစ်က စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၁၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် (၅၀)ခန့်ရှိပါသည်။ ယခုနှစ်စားတော်ပဲဈေးက ပိုမိုကောင်းနေခဲ့ပြီး တောင်သူများအနေဖြင့် ပိုမိုရရှိခဲ့ပါသည်။
DOCA(ပဲခူး)