ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Jan 2022

             စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် တာဝန်ခံဦးရဲမြင့်ဆန်းသည် (၁၉.၁.၂၀၂၂) ရက်နေ့ နံနက် (၁၀) နာရီ အချိန်၌ ရေကမိုးကျေးရွာ တောင်သူ ဦးအောင်ရွှေ ထော၊ပတ်ပဲ စိုက်ဧက (၃) ဧက စိုက်ပျိုးသူနှင့် တွေ့ဆုံပြီး တစ်ဧက ကုန်ကျစရိတ်၊ အကျိုးအမြတ်ရရှိမှုများအား တွေ့ဆုံမေးမြန်းခဲ့ ပါသည်။

26 Jan 2022

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင် အိမ်တွင်းလက်မှု လုပ် ငန်းဖြစ်သော ပလပ်စတစ်ခြင်းယက်လုပ်ခြင်းလုပ်ငန်းသို့ (၁၈.၁.၂၀၂၂) ရက်နေ့၊ နံနက် (၁၀) နာရီခန့်အချိန်တွင် မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ကွင်းဆင်းတွေ့ဆုံမေးမြန်း ဆွေးနွေး ခဲ့ပါသည်။

26 Jan 2022

           မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဧက(၃၅၀)ခန့်ကျယ်ဝန်းသည့် ဝက်သည်းကန် အတွင်း သဘာဝအလျှောက် ပေါက်ရောက်နေသည့် ပဒုမ္မာကြာတောကြီးမှ ကန်ပတ်လည်ကျေးရွာများ ဖြစ်သည့် ရှမ်းရွာကုန်းကျေးရွာ၊ အနောက်ကန်ဘောင်ကျေးရွာ၊ အောက်လှိုင်းကျေးရွာ၊ တမာချောင်းကျေးရွာ၊ ဆင်ကျုံးကျေးရွာနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည့် ဒေသခံပြည်သူများ ကြာချည်အိမ်ထုတ်လုပ်သည့် လုပ်ငန်းဖြင့် ဝင်ငွေများ ရရှိနေကြောင်း သိရှိရပါသည်။

26 Jan 2022

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇန်နဝါရီလ (၁၁)ရက်နေ့မှ ဇန်နဝါရီလ (၁၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်

26 Jan 2022

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ် တာဝန်ခံ ဒေါ်သန်းသန်းအေးနှင့် အဖွဲ့သည် (၁၂.၁.၂၀၂၂)နေ့လည် (၂:၀၀)အချိန်တွင် ပန်းတောင်း မြို့၊ မင်းရပ်ရပ်ကွက်ရှိ ခရမ်းချဉ်စိုက်ပျိုးသော တောင်သူ ဦးအောင်မြင့်သန်း၏ ခရမ်းချဉ်စိုက်ကွင်းသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။

Pages