
ပြည်ခရိုင်အတွင်းဖြစ်ပေါ်နေသောမိုးစပါး/နွေစပါးဈေးနှုန်းများမှာ ပြည်မြို့နယ်တွင် မိုးစပါး (၄၆)ပေါင် တင်း(၁၀၀)လျှင် (၁၅၁၆၀၀၀၀)ကျပ်၊ နွေစပါး တင်း(၁၀၀)လျှင် (၁၂၈၀၀၀၀)ကျပ်၊ မိုးဆန်အဟောင်းတစ်အိတ်လျှင် မှော်ဘီဆန် (၈၀၀၀၀)ကျပ်၊ ကျောက်ရွေးဆန် တစ်အိတ်လျှင် (၈၅၀၀၀၀)ကျပ်၊ နွေဆန်သစ်များမှာ အင်းမစူပါ တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ ကရင်မ ဆန်တစ်အိတ်လျှင် (၅၄၀၀၀)ကျပ်၊ မနောသုခ ဆန်တစ်အိတ်လျှင် (၆၃၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ရှိ ပါသည်။ ရွှေတောင်မြို့နယ်တွင် မိုးစပါးအဟောင်းဈေးမှာ (၄၆)ပေါင် တင်း(၁၀၀)လျှင် (၁၅၆၀၀၀၀)ကျပ်၊ နွေစပါး (၄၆)ပေါင် တင်း(၁၀၀)လျှင် (၁၂၄၀၀၀၀)ကျပ်၊ ဆန်အဟောင်း တစ်အိတ်လျှင် မှော်ဘီ (၈၅၀၀၀)ကျပ်၊ ကျောက်ရွေးဆန် တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ နွေဆန်သစ်များဖြစ်သည့် ဧည့်မထဆန်တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ရှိပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် မိုးစပါးအဟောင်းမှာ (၁၅၆၄၀၀၀)ကျပ်၊ နွေစပါးမှာ (၁၂၀၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဆန်အဟောင်းဈေးမှာ ကရင်မ တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်၊ အင်းမဆန်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ နွေဆန်သစ်တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ ပန်းတောင်းမြို့နယ်တွင် စပါးအဟောင်းမှာ (၁၅၆၄၀၀၀)ကျပ်၊ နွေစပါးမှာ (၁၂၀၀၀၀၀)ကျပ်ဈေးရှိသော်လည်း ပန်းတောင်းမြို့နယ်အနေဖြင့် နွေစပါးစိုက်ပျိုးမှု အနည်းငယ်သာရှိ ပါသည်။ ဆန်အဟောင်းဈေးမှာ (၇၃၀၀၀)ကျပ်၊ နွေဆန်သစ်တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။
ပြည်ခရိုင်အနေဖြင့် မိုးစပါးအဟောင်းမှာ ဈေးဖွင့်ထားရှိသော်လည်းဈေးကွက်အတွင်းတွင် အရောင်းအဝယ်မရှိပါ။ ပြည်ခရိုင်၏ဆန်တင်ပို့ရောင်းချမှုအနေဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်း မကွေးတိုင်းသို့ (၁၂၃၆)အိတ်၊ မန္တလေးတိုင်းသို့ (၃၇၀၅)အိတ်၊ ရန်ကုန်တိုင်းသို့ ဆန်အိတ်ရေ (၁၈၀၀)ခန့်တင်ပို့ရောင်းချမှုရှိခဲ့ပါသည်။