
မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ မန်ကျည်းပင်ဈေးအတွင်းသို့ ရာသီစာ အသီး အရွက်များအပြင် ဗုံလုံးသီးများ လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး များကို ပုစွန်ဖြင့် အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍ သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင်ကြပါသည်။ မုံရွာမြို့၊ မန်ကျည်းပင်ဈေးတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၂၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ် တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေး တစ်တောင့်လျှင်(၈၀၀)ကျပ် ဖြစ်ပြီး ဇူလိုင်လ တတိယပတ်တွင် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ် တစ်တောင့် လျှင်(၈၀၀)ကျပ်၊ နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေး တစ်တောင့်လျှင် (၆၀၀)ကျပ် ဖြစ်ပြီး ဈေးနှုန်း အနည်းငယ်ကျဆင်းနေ ကြောင်း သိရှိရပါသည်။
Doca(စစ်ကိုင်း)