ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Jan 2022

              ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသောဂေါ်ဖီထုပ်များသည် ယခုလက်ရှိအချိန်တွင် တစ်ပိဿာလျှင် ပွဲရုံဈေး (၆၀၀) မှ (၇၀၀) ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၇၀၀) မှ ( ၁၀၀၀) ကျပ် နှုန်းဖြင့်ဈေးကောင်းရရှိလျက်ရှိပြီး ပင်းတယ၊ ကလော(ဟဲဟိုး)၊ ပင်လောင်း (နောင်တရား၊ တီကျစ်) မြို့နယ်များတွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) တစ်ခုလုံးအနေဖြင့် တစ်နှစ်လျှင် ပျှမ်းမျှ (၁၄၀၁၆) ဧက စိုက်ပျိုးပြီး (၁၅၀၆၇၀)တန်၊ ညီမျှပိဿာ (၉၂၂၆၈၆၀၃) နှစ်စဉ်ထွက်ရှိပြီး မြန်မာနိုင်ငံ အ

06 Jan 2022

          ၂၀၂၁ခုနှစ် မိုးစပါးနှင့် ၂၀၂၂ခုနှစ် နွေစပါးတို့အတွက် စပါးတင်း(၁၀၀)၏ အခြေခံဈေးနှုန်းကို ကျပ်(၅၄၀၀၀၀) အဖြစ်သတ်မှတ်ကြောင်း တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ၂၀၂၁ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

06 Jan 2022

       ရှမ်းပြည်နယ်အနေဖြင့် နယ်စပ်ကုန်သွယ်မှုများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်(၁၀၅)မိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်များတွင် အဓိကထား ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ခုနှစ် ဧပြီလပိုင်းမှစ၍ နယ်စပ်ဂိတ်များ ပိတ်ထားခဲ့ရာမှ (၂၆.၁၁.၂၀၂၁)ရက်နေ့တွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ် (ကျိန်းစန်းကျော့ဂိတ်) ပြန်လည်ဖွင့်လှစ်၍ တရုတ်နိုင်ငံသို့ သီးနှံများပြန်လည်တင်သွင်းလျက်ရှိပါသည်။

05 Jan 2022

           ကြံတစ်ကြိမ်စိုက်လျှင် (၄)နှစ်အထိထား၍ ပထမနှစ်(ခင်းသစ်)၊ ဒုတိယနှစ်(လမိုင်း)၊ တတိယနှစ်(လမတ်)နှင့် စတုတ္ထနှစ် (ခင်းဟောင်း) ဟူ၍ ခုတ်သိမ်းရကြောင်း သိရှိရပါသည်။ ပထမနှစ် စစိုက်စိုက်ချင်း(ခင်းသစ်)ကို ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ စိုက်ပျိုးကြ၍ ဒုတိယနှစ်(လမိုင်း)၊ တတိယနှစ်(လမတ်)၊ စတုတ္ထနှစ် (ခင်းဟောင်း)များကိုတော့ ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ စိုက်ခင်းမြေပြုပြင်ခြင်းကိုသာ လုပ်ဆောင်ကြပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းရောင်းချကြကြောင်း သိရှိရပါသည်။

03 Jan 2022

        ငါန်းဇွန်မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းတွင် တည်ရှိပြီး ပူပြင်းခြောက်သွေ့သောရာသီဉတုရှိရာ အမြင့်ဆုံးအပူချိန်(၄၈)ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံး အပူချိန်မှာ(၁၂)ဒီဂရီစင်တီဂရိတ်ရှိပါသည်။ ဧရိယာအကျယ်အဝန်းအနေဖြင့် (၃၅၅.၉၉၁)ဧရိယာ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့နယ်လူဦးရေနေထိုင်မှုမှာ (၁၄၁၄၄၆)ဦး ခန့်နေထိုင်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းအတွင်း တည်ရှိသည့်အတွက် ယေဘုယျအားဖြင့် ပြန့်ဖြူးလျက်ရှိသော မြေမျက်နှာသွင်ပြင်ရှိပ

Pages