ကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Jan 2022

ဘရာဇီးလ်နိုင်ငံ
စတော့ဈေးကွက်များတွင် သကြားဈေးနှုန်း အတက်အကျများ ဖြစ်ပေါ်လျှက်ရှိခြင်း

02 Jan 2022

          မုန့်ဟင်းခါးသည် မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်ပြီး၊ မြန်မာလူမျိုးအများစု ကြိုက်နှစ် သက်တဲ့ အစားအစာတစ်ခုဖြစ်ပါသည်။ မုန့်ဟင်းခါးချက်ရာတွင်လည်း ဒေသအလိုက်ကြိုက်နှစ်သက်မှုအပေါ်မူတည်၍ ဟင်းရည်ချက်ပြုတ် နည်းစနစ် အနည်းငယ်ကွာခြားပါသည်။ ဟင်းရည် ချက် ရာတွင် အဓိက အသုံးပြုရသော ငါးကိုမူတည်၍ ငါးပေါသောဒေသများဖြစ်သည့် ဧရာဝတီတိုင်း အတွင်းရှိ မြို့အမည်များကို စွဲ၍ခေါ်တွင်သော  ဟင်္သာတမုန့်ဟင်းခါး၊ မြောင်းမြမုန့်ဟင်းခါးတို့မှာ နာမည်ကြီးလူကြိုက် များလှပါသည်။ 

02 Jan 2022

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မိုးစပါးစိုက်ဧကမှာ (၃၈၂၆၀၉) စိုက်ပျိုးနိုင်ခဲ့ပြီး ယခု အချိန်ထိ (၂၄၁၅၁၃)ဧက ရိတ်သိမ်း၍ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်ပျမ်းမျှ (၇၀)တင်း ခန့်ထွက် ရှိပါသည်။ ပန်းတောင်းမြို့နယ်အနေဖြင့် (၄၆၉၃၁)ဧကစိုက်ပျိုး၍ (၃၇၁၂၄)ဧက စိုက်ပျိုးရိတ်သိမ် ပြီးဖြစ်၍ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် (၁၀.၁၂.၂၀၂၁)ရက်နေ့တွင် ဒေါင်းမြတ်နားအုပ်စု၊ ဒေါင်းမြတ်နားကျေးရွာရှိ တောင်သူ ဦးခင်မောင်ဌေး၏ မိုးစပါး ခြွေလှေ့ခြင်း လုပ်ငန်းသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။

02 Jan 2022

           တောင်ငူမြို့ရှိ စားသုံးသူပြည်သူများ ရွှေဘိုပေါ်ဆန်းဆန်စစ်စစ်ကို ဈေးနှုံးချိုသာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တောင်ငူမြို့၊ အမှတ် ၁၁ ရပ်ကွက်၊ ကန်ပတ်လမ်းရှိ မိဘမေတ္တာဆန်စက်တွင် ရွှေဘိုမြို့နယ်မှ ပေါ်ဆန်းစပါးများကို တင်းတစ်ရာလျှင် ကျပ် တစ်ဆယ့်ငါးသိန်းဖြင့် တိုက်ရိုက်ဝယ်ယူ၍ တောင်ငူမြို့သို့ သယ်ဆောင်ပြီး ၎င်းတို့၏ ခေတ်မီဆန်စက်ဖြင့် ၁၀၀% ဆန်သားကြိတ်ခွဲ၍ PK အမှတ်တံဆိပ်ဖြင့် အလေးချိန် ၂ ကီလို ဂရမ်၊ ၆ ကီလိုဂရမ်နှင့် ၁၂ ကီလိုဂရမ် အလေးချိန် သုံးမျိုးဖြင့် ထုပ်ပိုးက

30 Dec 2021

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  သနပ်ပင်မြို့နယ်တွင် စပါးများမှာ ယခင်လထက်  ဈေးမြင့်တက်လာကြောင်းကိုသိရှိရသည်။ သနပ်ပင်မြို့နယ်တွင်မိုးစပါး        (၁၇၉၀၄၆)    ဧက စိုက်ပျိုးခဲ့ပြီး ၊ တစ်ဧကလျှင်ပျမ်းမျှ ၆၁.၆၄တင်းနှုန်း ထွက်ရှိ်ကြောင်းသိရှိရပါသည်။  ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်း စပါးတင်း (၁၀၀) လျှင် (၆၀၀၀၀၀_၆၅၀၀၀၀)ထိ သာဈေးရရှိ၍ တချို့တောင်သူကြီးများမှာ စပါးများကို ထုတ်မရောင်းဘဲ ဈေးကောင်းစောင့် ၍လက်ဝယ် သိုလှောင်ထားကြောင်းကိုသိရှိရသည်။

Pages