ကုန်သွယ်မှုသတင်းများ

Powered by Drupal
09 May 2022

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သနပ်ခါးကို စီးပွားဖြစ်စိုက်ပျိုးမှုနည်းပါးသော်လည်း သနပ်ခါးရောင်းချမှုတွင် ရွှေဘိုသနပ်ခါးဟူ၍ ဈေးကွက်တွင် နာမည်ကျော်ကြားလျှက်ရှိပြီး ရွှေဘိုသနပ်ခါးသီချင်းသည်လည်း နာမည်ကျော်ကြားခဲ့ပါသည်။ (၁၉.၂.၂၀၁၉)ရက်နေ့ ၁၃၈၀ခု၊ တပို့လပြည့်နေ့တွင် မြန်မာသနပ်ခါးနေ့ပွဲတော်ကို သက်

09 May 2022

              မုံရွာခရိုင် စားအုန်းဆီတင်သွင်းရောင်းချသည့်ဆီလုပ်ငန်းရှင်(၅)ဦးနှင့် စားအုန်းဆီတင်သွင်း ရောင်းချသည့် ကုမ္ပဏီများပူးပေါင်း၍ မိမိဒေသတွင်း စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ စားသုံးဆီဖူလုံမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေး ရည်ရွယ် ၍ (၄.၅.၂၀၂၂) ရက်နေ့မှ(၆.၅.၂၀၂၂)နေ့အထိ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

09 May 2022

             မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်း၏ ၂၀၂၂ ခုနှစ်၊ ဧပြီလ တတိယပတ်တွင် လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် ကွမ်းသီး (၂၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၂၀)၊   စက်မှုကုန်ချောအနေဖြင့် စီးကရက်(၄၂.၉၉၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၂၄၇)၊ အခြား ပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံတန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၀၁၆) တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် တင်သွင်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

09 May 2022

              မြောင်မြို့နယ်သည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် မြစ်နှစ်မြစ်ကြားတွင် တည်ရှိပြီး မြို့နယ်၏သုံးပုံတစ်ပုံမှာမြစ်ရေဝင်ဒေသများဖြစ်၍ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ အများဆုံးစိုက်ပျိုးသော မြို့တစ်မြို့ဖြစ်ပါသည်။၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မိုး/ဆောင်းသီးနှံစိုက်ဧက ၂ သောင်း ၃ ထောင်ကျော် ရှိပြီး မိုး/ဆောင်း မြေပဲစိုက်ဧက ၃၃၆၁၂ စိုက်ပျိုးပါသည်။

09 May 2022

            ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မေလ ပထမပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၅၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၄၀၀၀၊ တန်အားဖြင့် ၅၂၀၀တန် စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒ

Pages