ကုန်သွယ်မှုသတင်းများ

Powered by Drupal
12 May 2022

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့၊ တာခြားရပ်ရှိ ဝါး၊ ဝါးနှင့် ဆက်စပ်ပစ္စည်းများ ၊ တောင်ထန်းရောင်းဝယ်ရေးဆိုင်တွင် ဝါးဈေးကွက်အနေဖြင့် ကြက်သောင်းဝါး ၁ လုံးလျှင် ၁၂၀၀ကျပ်နှုန်း၊ တင်းဝါး (ဝါးလတ်) ၁လုံးလျှင် ၆၀၀ ကျပ်နှုန်းနှင့် အရှင်ဝါး ၁ လုံးလျှင် ၂၃၀၀ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ ဝါးဖြင့်ပြုလုပ်ရသော ဝါး၏ဆက်စပ်ပစ္စည်းများဖြစ်သည့် မြက်ခြင်း ၁ ခြင်းလျှင် ၁၅၀၀ ကျပ်နှုန်းနှင့် ဝါးထရံမှာ ၁ တောင်ပတ်လည်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

12 May 2022

             ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် နွေစပါးစိုက်တောင်သူများ နွေစပါးများရိတ်သိမ်းနေကြပြီ ဖြစ်ပါသည်။ဒေသတွင်း  စိုက်ပျိုးမှုအများဆုံးဖြစ်သည့် ထိုင်းနှံကောက် အထွက်နှုန်းမှာ တစ်ဧက ၆၀ တင်းမှ ၉၅ တင်းအထိရှိကြောင်း သိရှိရပါသည်။ ထိုင်းနှံကောက်စပါးသည် နွေစပါးစိုက်ပျိုးရာတွင် ရာသီဥတု နှင့် ကိုက်ညီခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ အထွက်ကောင်းခြင်းကြောင့် အများဆုံးစိုက်ပျိုးခြင်း ဖြစ်ပါ သည်။ သွင်းအားစုအနည်းငယ်အသုံးပြုသည့် တောင်သူများသည် တစ်ဧကလျှင် တင်း ၆၀ ခန့်၊

12 May 2022

           ဆီထွက်သီးနှံ နေကြာသည် အခြားသောသီးနှံများထက် စိုက်ပျိုးစရိတ် အကုန်အကျသက်သာသည့်အပြင် အပျက်အဆီးနည်းခြင်း၊ အထွက်နှုန်းနှင့် တစ်ဧကလျှင် ဆီထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုနိုင်သည့် သီးနှံလည်းဖြစ်သည့်အပြင်  ဈေးကွက်ဝင်သည့် သီးနှံဖြစ်၍ သီးနှံဝင်ငွေတွက်ခြေကိုက်သည့်အတွက် အားထားစိုက်ပျိုးသင့်သော သီးနှံလည်းဖြစ်ပါသည်။

12 May 2022

               မြန်မာနိုင်ငံတွင် ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်းများကို နိုင်ငံတဝှမ်း စိုက်ပျိုးလျက်ရှိပြီး ဖူးစားပြောင်းကို အဖူးလိုက်ပြုတ်၍လည်းကောင်း၊ ကြော်ချက်၍လည်းကောင်း စားသုံးကြပြီး အစေ့ထုတ်ပြောင်းကို တိရိစ္ဆာန်အစာနှင့် ကုန်ကြမ်းအတိုင်း ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိရာ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက ပိုမိုတွက်ခြေကိုက်မည်ဖြစ်ပြီး ဝင်ငွေလည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်နှင့် ဝန်ထမ်

12 May 2022

                 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ချင်းစုရပ်ကွက်နှင့် အိုးမြေတွင်းကျေးရွာ၏ မြောက်ဘက် ကိုင်းမြေများတွင် မြေအောက်ရေဖြင့် ဂန္ဓမာပန်းနှင့် မေမြို့ပန်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချကာ ဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

Pages