ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ကြက်သား(အိမ်မွေးကြက်)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်ပြန်တက်ခဲ့ပြီး မွေးမြူးရေးကြက်(စီပီကြက်)မှာ အသားသီးသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် အခြမ်းလိုက်ဈေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ မေလ၊ လလယ်ပိုင်းတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၉၇၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၉၃၀၀၀ကျပ်၊ ဧည့်မထ(မိုး)တစ်အိတ်လျှင် ၆၈၀၀၀ကျပ်၊ ဧည့်မထ(နွေ)တစ်အိတ်လျှင် ၅၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုမေလအကုန်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၀၃၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၉၈၀၀၀ကျပ်၊ ဧည့်မထ(မိုး)တစ်အိတ်လျှင် ၇၂၀၀၀ကျပ်၊ ဧည့်မထ(နွေ)တစ်အိတ်လျှင် ၅၈၀၀၀ကျပ်ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်လ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်တွင် 92 RON တစ်လီတာလျှင် ၂၀၂၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၂၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၉၃၅ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၀၁၅ကျပ်ရှိခဲ့ပါသည်။
ယခုအပတ်တွင် 92 RON တစ်လီတာလျှင် ၂၀၂၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၂၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၉၃၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၀၁၀ကျပ်ရှိခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် ငရုတ်(မိုး) စိုက်ဧကစုစုပေါင်း(၈၄၉၇)ဧက စိုက်ပျိုးထားရှိပြီး ( ၅၀၂၄ )ဧက ရိတ်သိမ်းလျက်ရှိပါသည် ။ ငရုတ်စိုက်ပျိုးရာတွင် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းသောမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြပြီး ၎င်းမျိုးများမှာ စကာတာမျိုး၊ 692 မျိုးနှင့် တိုးတိုးအောင်ငရုတ်မျိုးကိုသာ ရွေးချယ်စိုက်ပျိုးကြကြောင်း သိရှိရပါသည် ။ ငရုတ်သီးနှံကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ၊ ပျိုးထောင်ပြီးရက်ပေါင်း(၄၅)ရက် ခန့်အကြာတွင် လယ်မြေနှ
တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း(မိုးထောင်သီး)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၉၀၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် အလုံးအသေး/အကြီးအပေါ်မူတည်၍ တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၅၀၀ကျပ်ထိဈေးနှုန်းကျဆင်းခဲ့ပြီး ကုလားအော်သီးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ခရမ်းသီး(အဖြူ)တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ခရမ်းသီး(အညို)တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။
