
မိသားစုစားဝတ်နေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူဦးကြီးများသ် ရာသီအလိုက် သီးနှံမျိုးစုံများ စိုက်ပျိုးလျှက်ရှိပြီး ယခုအခါ မိသားစု အပိုဝင်ငွေ ရရှိစေရန် ခဝဲသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးထွက်ရှိသော သီးနှံများကို မုံရွာမြို့ပေါ်ရှိ ဈေးများသို့ ကိုယ်တိုက်လာရောက်ရောင်းချခြင်း၊ ဖောက်သည် သွင်းခြင်းများဖြင့်လည်း ရောင်းချကြပါသည်။ ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော ခဝဲသီးဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင်(၂၄၀၀/-)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၈၀၀/-)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပြီး ခဝဲသီးအား ခဝဲသီးဟင်းချိုအဖြစ် လည်း ချက်စား၍ရသလို ကြက်ဥနှင့်ကြော်စားပါကအလွန်အရသာရှိသော ဟင်းတစ်ခွက်ဖြစ်ပြီး ခံတွင်းမြိန်သော ဟင်းလျာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)