ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများ မှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ရွှေဖရုံသီးများ စိုက်ပျိုးထားရှိသဖြင့် ဈေးနှုန်းဈေးကွက်အခြေအနေနှင့် အကျိုးအမြတ်ရရှိမှုအားသိရှိနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၈.၅.၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် ငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ ငှက်ပျောသီးများသည် ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့ နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

ပြည်ခရိုင်၊ အတွင်း သရက်သီးကိုပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် အဓိက စိုက်ပျိုး လျက်ရှိပြီး ပေါက်ခေါင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှု သာရှိပါ သည်။ ခရိုင်အတွင်းသရက်သီးအဓိကစိုက်ပျိုးသော ပြည်မြို့နယ်မှ စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင် (သရက်ခြံ)ပိုင်ရှင် များနှင့် ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာမှ သရက်စိုက်တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှုအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ရာ ခရိုင်အတွင်း စီးပွားဖြစ် စိုက်ပ
