ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Oct 2024
လူမျိုးဘာသာမရွေး ခရီးသွားရင်း၊ ရုပ်ရှင်ကြည့်ရင်း စားသုံးကြသည့် သားရေစာများထဲတွင် အာလူးကြော်သည်လည်း အပါအဝင်ဖြစ်ပြီး ချစ်စရာ WOW အာလူးကြော်ကို ပဲခူးမြို့၊ ညောင်အင်းကျေးရွာ ဝတုတ်ကြီးအကြော်စုံလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး အာလူးကြော်ရန်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသမှထွက်ရှိသော အကောင်းဆုံးအမျိုးအစားထဲမှ ရွှေဝါရောင်အာလူးအမျိုးအစားကိုရွေးချယ်ဝယ်ယူ၍ ရေသန့်စင်အောင်ဆေး၍ အခွံခွာပြီး အာလူးများအား အပါးပြားလှီးခြင်း၊ စကာကွက်လှီးခြင်းနှင့် အချောင်းလိုက်လှီးခြင်းဖြင့် ပုံစံ(၃)မျိုးအာ
28 Oct 2024
ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထားသော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အညီ မြစ်ချောင်း၊ အင်းအိုင်ပေါများသောကြောင့် ရေထွက်ပစ္စည်းများဖြစ်သော ငါးပိ၊ ငါးချဉ်၊ ငါးခြောက်များလည်းထွက်သည့်အပြင် ပဲခူးဒေသထွက် ငါးရံ့ခြောက်သည်လည်း ဆားပေါ့၍ အပေါ့ခြောက်ဖြစ်သည့်အတွက် လူကြီး၊ လူငယ်၊ ကလေး၊ သွေးတိုး၊ ဆီးချိုသမားပါမကျန် စားသုံးနိုင်သောကြောင့် လက်ဆောင်ပေးခြင်းအတွက်ကြောင့်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိကြသည်။
28 Oct 2024
ဈေးကွက်အတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်းများကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပွင်မြို့နယ်အတွင်း အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်လာကြကြောင်းသိရှိရသည်။ ထိုသို့ ကြက်မွေးမြူရေးခြံများ ပိုမိုများပြားလာသည့်အနက် အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသည် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သောကြောင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းထက် ပိုမိုတွင်ကျယ်စွာလုပ်ကိုင်လာကြကြောင်း သိရှိရသည်။ မွေးမြူသူများအနေဖြင့်လည်း အသားတိုးကြက်မွေးမြူရာတွင် တစ်နိုင်တစ်ပိုင် အကေ

Pages