ကုန်သွယ်မှုသတင်းများ
Powered by Drupal
28 Oct 2024
မြန်မာလူမျိုးတို့သည် မိမိတို့အိမ်များတွင်လည်းကောင်း၊ ဘုရားကျောင်းကန်များတွင်လည်းကောင်း ဘုရားပန်းများကို ဝေဝေဆာဆာကပ်လှူကြသဖြင့် သပြေစိုက်သူများ ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါသည်။ အိမ်ခြံဝင်းများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပြီး စီးပွားဖြစ်စိုက်ပျိုးသူများလည်းရှိပါသည်။
သပြေပင်သည် စိုက်ပျိုးရလွယ်ကူပြီး ထိန်းသိမ်းရသည့်စရိတ်စကသည်လည်း အနည်းဆုံးဖြစ်ပါသည်။ ဘုရားပန်းအိုး၊ နတ်ပန်းအိုးများတွင် အောင်သပြေညွန့်အဖြစ်အသုံးပြုကြသည့်အတွက် ရောင်းအားကောင်းကြောင်းသိရပါသည်။

28 Oct 2024
တောင်ငူမြို့ အနီးဝန်းကျင်ကျေးရွာများတွင် မိုးရာသီသီးနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသောအသီးအနှံများကို ကုန်စိမ်းဈေးဖြစ်သော ညောင်ပင်ဈေးသို့ လာရောက်ရောင်းချလျက်ရှိကြပါသည်။
ယခုအခါတွင် ရုံးပတီသီးများပေါ်နေပြီဖြစ်ရာ ရုံးပတီသီး ၃တောင့်ပါ အစည်းသေး ၁၀စည်းလျှင် အစည်းကြီးတစ်စည်းစည်းပြီးလျှင် ၈၅၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။ ပဲဇောင်းလျားသီးများလည်းပေါ်နေပြီဖြစ်ရာ ၂၅ကျပ်သားလျှင် ၈၀၀ကျပ်၊ တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။

28 Oct 2024
မြန်မာ့အာဟာရအစားအစာတစ်ခုဖြစ်သော ကန်စွန်းဥကို ပြုတ်စားခြင်း၊ ကြော်စားခြင်း ၊ သာကူနှင့်ကျိုစားခြင်း၊ ဟာလဝါမုန့်ပြုလုပ်ခြင်း စသည်ဖြင့် နည်းမျိုးစုံလုပ်စားလေ့ရှိကြပါသည်။ ကန်စွန်းဥတွင် အတွင်းသား လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်ဟု (၃) မျိုးရှိရာ ကြော်ရာတွင် ခရမ်းရောင်ကန်စွန်းဥကိုသာ အများဆုံးအသုံးပြုလျက်ရှိပြီး ကုန်ကြမ်းအနေဖြင့် ရှမ်းပြည်တောင်ပိုင်းမှ အဓိကဝယ်ယူကြောင်းသိရှိရပါသည်။ ကန်စွန်းဥကြော်ပြုလုပ်ရာတွင် ကန်စွန်းဥအား ရေနှင့်သန့်စင်အောင်ဆေး၍ အပေါ်ယံအခွံခွာပြီး စက်ဖြင့်ပါးပါးလှီး၍ စား
